Connect with us

Videos

တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ရာသီဥတုပြောင်းလဲမှုကို ဝိုင်းဝန်းအဖြေရှာရန် တိုက်တွန်း

ကုလသမဂ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ကုလသမဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးတွင် ကျင်းပခဲ့သည့် ရာသီဥတုဆိုင်ရာ ထိပ်သီး ညီလာခံ တွင် တရုတ်နိုင်ငံသမတရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ် အဖြစ် တက်ရောက် ခဲ့သည့် တရုတ်နိုင်ငံတော် ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ရာသီဥတုပြောင်းလဲမှုကို တစ်ကမာလုံးက ဝိုင်းဝန်းအဖြေရှာကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ဝမ်က ရာသီဥတုပြောင်းလဲမှုကိစသည်  နိုင်ငံတိုင်းက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်နေကြောင်း ၊ မိမိတို့အနေဖြင့် ထိုစိန်ခေါ်မှုကို အောင်မြင်စွာဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဖြေရှင်းရန် မဆုတ်မနစ်ကြိုးပမ်းအားထုတ် ရမည်ဖြစ်ပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးဝေစည်သည့် ပန်းတိုင်သစ်သို့ တက်လှမ်းရန် စိမ်းလန်းမှု၊ ကာဘွန်ထုတ်လုပ်မှု လျော့ချရေးနှင့် ကာလရှည်ကြာဖွံ့ဖြိုးတိုးတက်မှုရှိစေရန်  ကြိုးပမ်းအားထုတ်လျက်ရှိကြောင်းဝမ်ရိက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.