Connect with us

Videos

တရုတ်နိုင်ငံတွင် ၆၆ရက်သား မွေးကင်းစ ကလေးငယ်ကို အောင်မြင်စွာနှလုံးအစားထိုး ခွဲစိတ်နိုင်ခဲ့

ဝူဟန်၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝူဟန်မြို့တွင် နှလုံးအစားထိုးခွဲစိတ်ကုသမှုအဖြစ် ကိုယ်အလေးချိန် ၃ကီလိုဂရမ်ရှိသည့် ၆၆ရက်သား ကလေးငယ်အား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ကလေးငယ်လေးမှာ တရုတ်နိုင်ငံ၏ အသက်အငယ်ဆုံး နှင့် ကိုယ်အလေးချိန် အနည်းဆုံး နှလုံးအစားထိုးခွဲစိတ်မှု ခံယူသည့်ကလေးငယ် ဖြစ်လာခဲ့သည်။ ကလေးငယ်အား ဧပြီ ၃ ရက်တွင်မွေးဖွားခဲ့ပြီး မမွေးဖွားခင်ကပင် ၎င်းတွင် နှလုံးအဆို့ရှင် ကျဉ်းမြောင်းနေသည်ကို သိရှိခဲ့ရပြီး မေလတွင် မွေးရာပါနှလုံးရောဂါကိုခံစားနေရကြောင်းသိရှိခဲ့ရသည်။ ကလေးငယ်အတွက် နှလုံးအစားထိုးခြင်းနည်းလမ်းကသာ အသက်ဆက်နိုင်မည့်တစ်ခုတည်းသောနည်းလမ်း ဖြစ်ကြောင်းကျွမ်းကျင်သူများ၏ အဆိုအရ ယခုကဲ့သို့နှလုံးအစားထိုးခွဲစိတ်မှုကိုဆောင်ရွက်ခြင်း ဖြစ်သည်ဟုသိရသည်။ ဇွန်လ ၈ရက်တွင် ကလေးငယ်နှင့်ကိုက်ညီသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးထံမှ နှလုံးအား အလှူခံရရှိခဲ့ပြီးနောက် ထိုနေ့တွင်ပင် နှလုံးအစားထိုးခွဲစိတ်မှုကို အချိန် ၅ နာရီကြာဆောင်ရွက်ခဲ့ရသည်။ လက်ရှိတွင် ကလေးငယ်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၎င်း၏ နှလုံးနှင့် အဆုတ်မှာလည်း တစ်ဖြည်းဖြည်းကောင်းမွန်လာပြီ ဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.