Connect with us

Videos

တရုတ်နိုင်ငံ၏ တောတောင်ရေမြေသဘာဝ အလှအပကို ပုံဖော်ထားသည့် ထိပ်တန်း ရေဆေးပန်းချီကားများ ရန်ကုန်တွင်ပြသ

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားပန်းချီပညာအကယ်ဒမီ ၏ တရုတ်ရိုးရာ ရေဆေးပန်းချီနိုင်ငံတကာ လှည့်လည်ခင်းကျင်း ပြပွဲ ကို အောက်တိုဘာ ၂၈ ရက် တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင်ဖွင့်လှစ် ခဲ့ပြီး တရုတ်နိုင်ငံ ၏ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေ သဘာဝအလှအပ ကို ပုံဖေါ်ထားသည့် ထိပ်တန်း ရေဆေးပန်းချီကားများအားပြသခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် ပန်းချီကားချပ်များသည် နိုင်ငံအသီးသီးရှိ ပြည်သူလူထုများ၏ စိတ်နှလုံး ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတား ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း အား တွန်းအားပေး ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူလူထုစိတ်နှလုံးခြင်း ချိတ်ဆက်မှု အတွက် များစွာ အရေးပါကြောင်း ၊ ယင်းဆောင်ရွက်မှုများ က နှစ်နိုင်ငံ အကြား တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပြီး နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က နှစ်နိုင်ငံ ရင်းနှီးကျွမ်းဝင်မှု တည်ဆောက်ရာတွင် ပန်းချီအနုပညာ က နူးညံ့ပြီး နားလည်ခံစားလွယ် သည့် ပေါင်းကူးတံတား ဖြစ်ကာ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် အနုပညာ ဆိုင်ရာ ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် တရုတ် နိုင်ငံ အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာကျန်းကျန်ကျုံး (Zhang Jiangzhou) က ယခု အကြိမ် မြန်မာ နိုင်ငံ သို့ လာရောက် ပြသသည့် ပန်းချီကားများက တရုတ် နိုင်ငံ အနုပညာ ကဏ္ဍ နှင့် ရေဆေးပန်းချီ ကဏ္ဍ ၏ ထိပ်တန်း လက်ရာများကို ကိုယ်စားပြုနိုင်ကြောင်း ၊ ယခု ပြပွဲ မှတစ်ဆင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများ ကို တွန်းအားပေး နိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် သိရှိ နားလည်မှု ကိုလည်း တိုးမြှင့်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များက “တရုတ်မူဟန်ပန်” ပန်းချီပြပွဲ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တရုတ် နိုင်ငံ တောတောင်ရေမြေ နှင့် ပတ်သက်သည့် ထိပ်တန်း ရေဆေး ပန်ချီးကားချပ်များ အား ကြည့်ရှုလေ့လာ ခဲ့ကြသည်။ ထို့နောက် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ ပန်းချီပညာရှင်များ က ပန်းချီအနုပညာ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပြီး သဘောထား အမြင်များအား ဖလှယ် ခဲ့ကြသည်။

“တရုတ်မူဟန်ပန်” ပန်းချီပြပွဲ အား တရုတ် နိုင်ငံ အမျိုးသား ပန်းချီပညာ အကယ်ဒမီ နှင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တို့ မှ ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၅ ရက် မှ နိုဝင်ဘာ ၂၅ ရက် အထိ စိန်းလန်းစိုပြည်သော တရုတ် နိုင်ငံ ၏ တောတောင်ရေမြေ သဘာဝ အလှ ထိပ်တန်း ပန်းချီကား ၄၃ ကား ကို အများပြည်သူများ လာရောက် ကြည့်ရှု နိုင်ရန် အတွက် အခမဲ့ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.