Connect with us

Videos

လူပေါင်း ၁၈၉ ဦးလိုက်ပါသွားသော အင်ဒိုနီးရှားနိုင်ငံ Lion Air ခရီးသည်တင် လေယာဉ်ပျံတက်ပြီးမကြာမီ ပျက်ကျမှုဖြစ်ပွား

ဂျကာတာ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

လူပေါင်း ၁၈၉ ဦးလိုက်ပါသွားသော အင်ဒိုနီးရှားနိုင်ငံ၏ Lion Air လေယာဉ်တစ်စင်းသည် ယနေ့အောက်တိုဘာ ၂၉ ရက်တွင် ဂျကာတာနိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး မကြာမီအတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအရေးပေါ်ကယ်ဆယ်ရေးအင်ဂျင်စီ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာကရေးသားဖော်ပြခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရှာဖွေရေး နှင့် ကယ်ဆယ်ရေး အေဂျင်စီ Basarnas မှ Yusuf Latif ၏ပြောကြားချက်အရ Pangkal Pinang သို့ထွက်ခွာမည့် JT 610 ခရီးသည်တင်လေယာဉ်ကြီးသည် ပျက်ကျသွားခဲ့ကြောင်း ဆိုသည်။

တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Bambang Ervan က ဆင်ဟွာသတင်းဌာနသို့ဖုန်းဖြင့် ဆက်သွယ်ဖြေကြားရာတွင် အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဒေသတွင် အဆက်အသွယ်ပျက်တောက်သွားခဲ့ကြောင်း ဆိုသည်။

ဘိုးရင်း ၇၃၇ လေယာဉ်ပေါ်တွင် ခရီးသည် နှင့် လေယာဉ်အမှုထမ်း အပါအဝင် စုစုပေါင်း ၁၈၉ ဦးလိုက်ပါသွားကြောင်း အမျိုးသားရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲက အတည်ပြုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.