Videos
တရုတ်နိုင်ငံ၏ ပထမဆုံး ရထားလမ်းကြောင်းစစ်ဆေးရေးယာဉ်ကိုထုတ်လုပ်
ချန်းရှ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်းချန်းရှ မြို့တွင် ရထားလမ်းကြောင်းများကို စစ်ဆေးနိုင်မည့် အသိဉာဏ် ထည့်သွင်းထားသည့် ရထားလမ်းကြောင်း စစ်ဆေးရေးယာဉ်ကို ပထမဆုံး ထုတ်လုပ်နိုင် ခဲ့သည်။ ၎င်းယာဉ်မှာ ရထားလမ်းများကို ထိန်းသိမ်းပြုပြင်မှုပြုလုပ်ပေးသွားမည်ဖြစ်ပြီးအရွယ်အစားအနေဖြင့် ၅.၈၁ မီတာအရှည် ရှိကာ ၂.၆ မီတာ အကျယ်ရှိပြီး ၂.၉၇ မီတာအမြင့်ရှိသည်။ ယာဉ်ပေါ်တွင် ရထားလမ်းပြုပြင် ထိန်းသိမ်း မည့် ပညာရှင် ၆ ဦးလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး တစ်နာရီလျင် ၂၅ ကီလိုမီတာ အမြန်နှုန်းဖြင့် ရထားလမ်းများပေါ်တွင်သွားလာနိုင်သည်။ ယာဉ်၏ အပြင်ပိုင်း ဒီဇိုင်းကို ဇီးကွက်တစ်ကောင်၏ အသွင်အပြင်မျိုးဖန်တီးပေးထားပြီး ယာဉ်အတွင်း၌ တိကျစွာ တိုင်းတာနိုင်သည့် ဆင်ဆာစနစ်ပေါင်းများစွာ တပ်ဆင်ထားသည့်အပြင် ရုပ်ထွက်အလွန်ကောင်းမွန်သည့် HD ကင်မရာများကိုလည်း တပ်ဆင်ထားသည်။ အဆိုပါ စစ်ဆေးရေးယာဉ်ကို သံလိုက်ရထားလမ်းများ၌ ညအချိန်၌ပင် စစ်ဆေးနိုင်ရန် အထူးတီထွင်ထုတ်လုပ်ထားပြီး စွမ်းအင်နည်းပညာအသစ်ဖြင့် လည်ပတ်မောင်းနှင်စေနိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိစေမည့် ဒီဇိုင်းနှင့်နည်းပညာကိုအခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)