Connect with us

Videos

အီသီယိုးပီးယားနိုင်ငံ ၏ ပထမဆုံး လေစွမ်းအင်ထုတ်စက်ရုံ

အက်ဒမာ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံ ၏ ပထမဆုံး လေစွမ်းအင်ထုတ်စက်ရုံ တစ်ရုံဖြစ်သည့် အက်ဒမာ လေစွမ်းအင်ထုတ် စက်ရုံမှာ အီသီယိုးပီးယားနိုင်ငံ အလယ်ပိုင်း အက်ဒမာမြို့တွင် တည်ရှိသည်။

၎င်းမှာ ဆာဟာရ ဒေသ၏ အကြီးဆုံးလေစွမ်းအင်ထုတ်စက်ရုံတစ်ခုဖြစ်ပြီး အာဖရိကတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်လာသည်။ လေစွမ်းအင်ထုတ်စက်ရုံတွင် ၅၁ မဂ္ဂါဝပ် အက်ဒမာ ၁ စီမံကိန်းနှင့် ၁၅၃ မဂ္ဂါဝပ် အက်ဒမာ ၂ စီမံကိန်းဟူ၍ ပါဝင်ပြီး တရုတ်နိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံတို့ ဖက်စပ်တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါ လေစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းမှာ တရုတ်နိုင်ငံ နှင့် အီသီယိုးပီးယားနိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး ပြယုဂ်တစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.