Connect with us

Videos

မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အကြီးစားစက်ရုပ်ဝန်ချီလက်တံကြီး

ဟန်နိုဗာ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး စက်မှုပြပွဲတစ်ခုဖြစ်သည့် Hannover Messe ပွဲကို ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိရာ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် FANUCမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် အကြီးစားစက်ရုပ်ဝန်ချီလက်တံကြီးကို ပြသခဲ့သည်။ ၎င်းကို M2000iA/1700L စက်ရုပ်ဟုအမည်ပေးထားပြီး အလေးချိန်အားဖြင့် ၁၇ဝဝ ကီလိုဂရမ်ကို သယ်ဆောင်နိုင် ကာ အချင်းဝက်အားဖြင့် ၄၆၈၃ မီလီမီတာရှိပြီး အမြင့်မှာ ၆၂၀၆ မီလီမီတာအမြင့်ရှိသည်။ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွင် ယာဉ်များကိုနေရာချထားရန်နှင့် ပြောင်းရွှေ့တပ်ဆင်ရန် အဆိုပါ စက်ရုပ်ဝန်ချီစက်မှာ အသုံးဝင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.