Connect with us

Videos

တရုတ်နိုင်ငံ၏ လူလိုက်ပါသည့်အာကာသခရီးစဉ် နှစ် ၂ဝ ပြည့်မြောက်ခဲ့ပြီဖြစ်

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသယာဉ်မှူးများအဖွဲ့ကို ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင်တည်ထောင် ခဲ့သည်။ ထိုအဖွဲ့မှာ အာကာသတွင်းလူလိုက်ပါသည့် ခရီးစဉ်ပေါင်း ၆ ခုအထိ သွားရောက်နိုင်ခဲ့ပြီး ဖြစ်သည်။၂ဝဝ၃ ခုနှစ်အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ပထမဆုံးလူလိုက်ပါစီးနင်းသည့်အာကာသယာဉ် ကို လွှတ်တင်နိုင်ခဲ့ပြီး အာကာသယာဉ်မှူး Yang Liwei မှာ တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသတွင်းခြေချ နိုင်ခဲ့သည့် အာကာသယာဉ်မှူးဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ဒုတိယမြောက် လူလိုက်ပါသည့်အာကာသ ခရီးစဉ် မှာ ၂ဝဝ၅ ခုနှစ်အောက်တိုဘာလတွင်အောင်မြင်ပြီးမြောက်ခဲ့သည်။ထိုခရီးစဉ်တွင် အာကာသယာဉ်မှူး ၂ဦးကိုအာကာသအတွင်းစေလွှတ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာလတွင် တတိယမြောက်လူလိုက်ပါသည့် အာကာသယာဉ်ကို ဂြိုဟ်ပတ်လမ်းအတွင်း အောင်မြင်စွာပို့လွှတ်နိုင်ခဲ့သည်။ ထိုခရီးစဉ်တွင် အာကာသယာဉ်မှူး Zhai Zhigang မှာ တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသအတွင်းလမ်းလျှောက်သူဖြစ်လာခဲ့ပြီး ၎င်းနှင့်အတူ အခြားအာကာသယာဉ်မှူး ၂ ဦးလည်းလိုက်ပါသွားခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အာကာသတွင်း လူလိုက်ပါသည့်အာကာသယာဉ်ဖြင့် ကျောက်ချရပ်နားခြင်း ပြုလုပ်နိုင်ခဲ့သည်။ထိုခရီးစဉ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးအာကာသယာဉ်မှူးကိုပါ လိုက်ပါစေခဲ့သည်။ တရုတ်နိုင်ငံ၏ ၅ ကြိမ်မြောက် အာကာသခရီးစဉ်ကို ၂ဝ၁၃ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ထိုခရီးစဉ်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူး ၃ ဦးက အာကာသဓါတ်ခွဲခန်းမှ တစ်ဆင့်တရုတ်နိုင်ငံရှိ ကျောင်းသားများကိုအာကာသသင်ခန်းစာများပို့ချပေးခဲ့သည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် ရှန်ကျိုး ၁၁ အာကာသယာဉ်က ထျန်းကုန်း၂ အာကာသဓါတ်ခွဲခန်းနှင့်အတူအာကာသအတွင်းခြေချနိုင်ခဲ့သည်။ ထိုခရီးစဉ်တွင် အာကာသယာဉ်မှူး၂ ဦးမှာ ထျန်းကုန်း၂ အာကာသဓါတ်ခွဲခန်းအတွင်းရက်၃ဝ မျှနေထိုင် အလုပ်လုပ်ခဲ့ကြသည်။ ထိုနေထိုင်မှုမှာ တရုတ်နိုင်ငံ၏အာကာသယာဉ်မှူးများနေထိုင်မှုတစ်လျှောက် အရှည်ကြာဆုံးနေထိုင်မှုလည်းဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ လူလိုက်ပါသည့်အာကာသခရီးစဉ် နှစ် ၂ဝ ပြည့်မြောက်သည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် အာကာသယာဉ်မှူးများကျမ်းသစ္စာကျိန်ဆိုပွဲကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.