Connect with us

Videos

တရုတ်လဆင်းယာဉ် လကမ္ဘာပေါ်တွင် အရှည်ကြာဆုံးစံချိန်သစ်တင်

ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး လဆင်းယာဉ် ချန်အဲ ၃ သည် လကမ္ဘာပေါ်တွင်လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်း မှာ ၂ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး လဆင်းယာဉ်များထဲတွင် လကမ္ဘာပေါ်တွင် အခြေချမှု သက်တမ်းအရှည်ဆုံး အဖြစ်စံချိန်သစ်တင်နိုင်ခဲ့သည်။

လဆင်းယာဉ် ချန်အဲ ၃ သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လကမ္ဘာပေါ်သို့ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ထိုယာဉ်ကို လကမ္ဘာ ပေါ် ၌ ၁နှစ်ကြာတာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထုတ်လုပ်ထားခဲ့ခြင်း ဖြစ်သည်။ လဆင်းယာဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူက ချန်အဲ ၃ မှ ဆိုလာဆဲလ်များ ၏ လုပ်ဆောင်မှု ကောင်းမွန်လျက်ရှိနေသောကြောင့် ၎င်းမှာ လကမ္ဘာပေါ်တွင် ဆက်လက်တာဝန်ထမ်းဆောင်ဦးမည်ဟု ဆိုသည်။ ထိုယာဉ်မှာ အာကာသဆိုင်ရာအချက်အလက်များကို လကမ္ဘာပေါ်မှတစ်ဆင့် အချက်အလက်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးလျက်ရှိပြီး တရုတ်နိုင်ငံမှ တစ်ဆင့် အဆိုပါ အချက်အလက်များကို ကမ္ဘာအနှံ့ကို ပြန်လည်ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.