Connect with us

Videos

လွှတ်တော် အစည်းအဝေးများအား ၅ ရက်ကြာ ရပ်နား

ရန်ကုန် ၊ မတ် ၁ ရက် (ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပ ပြုလုပ်လျှက် ရှိသည့် လွှတ်တော် အစည်းအဝေးများအား မတ် ၂ ရက် မှ စတင်၍ မတ် ၆ ရက် အထိ ခေတ္တရပ်နားသွားမည် ဖြစ်ကြောင်း ယနေ့ မတ် ၁ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီး တွင် အသိပေး ကြေညာခဲ့သည်။

ယနေ့ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်အား မူလ သတ်မှတ်ထားသည့် မတ်လ ၁၇ ရက် အစား မတ်လ ၁၀ ရက်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ချက်ကို အသိပေး ကြေညာခြင်းများ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.