Connect with us

Videos

တိဘက်ဒေသတွင် ကမ္ဘာ့အမြင့်ဆုံး အဝေးပြေးဥမင်ဖောက်လုပ်လျက်

လာဆာ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတိဘက်ဒေသရှိ မီလာတောင်တန်းတွင် ကမ္ဘာ့အမြင့်ဆုံး အဝေးပြေးဥမင် ကို ဖောက်လုပ်လျက်ရှိသည်။ ၅.၇ ကီလိုမီတာရှိသည့်အဆိုပါဥမင်မှာ ပျမ်းမျှအားဖြင့် ပင်လယ်ရေ မျက်နှာပြင် အထက် ၄၇၅ဝ မီတာတွင်တည်ရှိပြီး အခက်အခဲများ စိန်ခေါ်မှုများဖြင့်ဖောက်လုပ်ရမည့် ဥမင်လိုဏ်ခေါင်း တစ်ခုလည်းဖြစ်သည်။ ထိုဥမင်ဖောက်လုပ်ရာတွင် ရှုပ်ထွေးခက်ခဲသည့်မြေသားများပေါ်တွင် ဖောက်လုပ်ရမည့် အပြင် ရာသီဥတုဆိုးဝါးမှုကိုလည်းအန်တုရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းမှာ လာဆာဒေသမှ နင်ချီဒေသ ကိုဆက်သွယ်ပေးမည့် အဝေးပြေးလမ်း၏ အစိတ်အပိုင်းလည်းဖြစ်သည်။ အဝေးပြေးလမ်းတစ်ခုလုံး၏ အရှည်မှာ ၄ဝ၉.၂ ကီလိုမီတာရှိပြီး တစ်နာရီလျင် ၈ဝ ကီလိုမီတာအမြန်နှုန်းဖြင့်သွားလာနိုင်ရန် စီစဉ် ထားသည်။အဆိုပါအဝေးပြေးလမ်းတည်ဆောက်မှု ကုန်ကျငွေ မှာအမေရိကန်ဒေါ်လာ ၅၅ဝမီလီယံရှိမည်ဖြစ်ပြီး အောက်တိုဘာလတွင် အသုံးပြုနိုင်တော့မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.