Connect with us

Videos

နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မေလ ၂၉ ရက် ညနေ ၄ နာရီရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည့် အမျိုးသမီးများဘဝကို အဓိက အလေးပေးသည့် ‘‘အမှတ်တရ’’ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာကျော်မင်းသမီး မီရှဲယိုးအပါအဝင် ဟောင်ကောင်၊ ပြင်သစ်၊ မလေးရှားနှင့် စင်ကာပူတို့မှ နာမည်ကြီး သရုပ်ဆောင်မင်းသမီးများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်းသိရသည်။ ရုပ်ရှင်ပွဲတော်ကိုမေ လ ၂၉ ရက်မှ ဇွန်လ ၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ၁၉၀၆ မှ ၁၉၇၈ ခုနှစ် အတွင်းပြသခဲ့သော နိုင်ငံတကာနှင့် မြန်မာ ဂန္ထဝင် ရုပ်ရှင်ကား စုစုပေါင်း ၅၀ ကို အခမဲ့ ပြသသွားမည် ဖြစ်သည်။

မြန်မာရုပ်ရှင်ဇာတ်ကားများ အဖြစ် ၁၉၅၅ က ဒါရိုက်တာ မြမောင်ရိုက်ကူးခဲ့သော ဖိုးပြုံးချို၊ ၁၉၇၁ က ဒါရိုက်တာ ဝင်းဦးရိုက် ကူးခဲ့သော တစ်ကျော့နှစ်ကျော့ တေးကိုသီ၊ ၁၉၇၈ က ဒါရိုက်တာ မောင်တင်ဦးရိုက်ကူးခဲ့သော တစ်ခါက တစ်ဘဝနှင့် ၁၉၈၃ က ဒါရိုက်တာ သင်းသင်းယု ရိုက်ကူးခဲ့သော နေကျောက်ခဲ ဇာတ်ကားများ ပြသသွားမည်ဖြစ်သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.