Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ Novotel ဟိုတယ်တွင် ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်နှင့် အခြား ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါတယ်။

အခမ်းအနားတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅) နှစ်ပြည့် အထိမ်းအမှတ်မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက်လာစေရန် မျှော်လင့်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို အခြေခံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင် စေလိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများလည်း မြင့်တက်လာကြောင်း နှင့် တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ အဓိက စီးပွားဖက် နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်သွားမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်မှ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေး အသစ် ထူထောင်နိုင်ရန် ဆန္ဒရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို မိုမို တိုးတက်ရန် တွန်းအားပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင် ထူထောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.