Connect with us

Videos

နိုင်ငံတော်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန်လွှဲမည်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း ယနေ့ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများ အသွင် ကူးပြောင်းမှု ညင်သာစေရန် တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

လက်ရှိ အစိုးရအနေဖြင့် ကျန်ရှိနေသော အစိုးရ သက်တမ်းအတွင်း တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ပြဌာန်းချက်များ အတိုင်း အသွင် ကူးပြောင်းရေးကို ချောချောမွေ့မွေ့ ဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် ခေါ်ယူကာ လွှတ်တော်က စနစ်တကျ ဆောင်ရွက်ပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ လွဲပြောင်းပေးမည် ဖြစ်ကြောင်း ၊ ပြည်သူများ စိုးရိမ်နေသည့် အသွင်ကူးပြောင်းရေး ကာလတွင် တည်တည်ငြိမ်ငြိမ် ရှိစေရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်သည်လည်း ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ် ချထားခဲ့သဖြင့် နောင် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် အကောင်းဆုံး လုပ်ဆောင်နိုင်ရန် ယုံကြည်ကြောင်း သမ္မတက ဆိုသည်။

နိုင်ငံတော်သည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် ဆက်လက် ဖွံ့ဖြိုး သွားရန် အစိုးရတိုင်းက လုပ်ဆောင်ရမည် ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့ကြောင်းသိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.