Connect with us

Videos

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ G-20 အစည်းအဝေး တက်ရောက်ရန် တူရကီနိုင်ငံသို့ရောက်ရှိ

အန်ကာရာ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၁၄ ရက်နေ့တွင် တူရကီနိုင်ငံသို့ရောက်ရှိခဲ့ပြီး တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ( Recep Tayyip Erdoğan) နှင့် အန်ကာရာ (Ankara) မြို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံ ဆွေးနွေး ခဲ့ ရာတွင် သမ္မတရှီမှ တရုတ်-တူရကီ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ကာ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ များကို ချိတ်ဆက် သွားရမည် ဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးပြုသွား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ( Recep Tayyip Erdoğan) ကလည်း တရုတ် နိုင်ငံနှင့် နိုင်ငံရေး ၊ စီးပွားရေး စသည့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုများဆောင်ရွက် သွားလိုကြောင်း ၊ တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အား တက်ကြွစွာ ပါဝင် သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ၊ စသဖြင့် ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီးတွင် နှစ်နိုင်ငံ သမ္မတ တို့မှ အတူတကွ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အား တွန်းအား ပေးဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း နှင့် အခြား ပူးပေါင်း ဆောင်ရွက်မှု လက်မှတ် ရေးထိုးခြင်း အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။
တူရကီ နိုင်ငံ သမ္မတ ၏ အထူးဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ ရက် မှ ၁၆ ရက်နေ့ အထိ တူရကီ နိုင်ငံတွင် ကျင်းပမည့် G-20 အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.