Connect with us

Videos

၁၀ ကြိမ်မြောက် G-20 အစည်းအဝေး အား တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်

အန်တယ်ရာ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား G-20 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၅ ရက်နေ့ တွင် တူရကီ နိုင်ငံ အန်တယ်ရာ မြို့၌ စတင် ကျင်းပ ခဲ့သည့် ၁၀ ကြိမ်မြောက် G-20 အစည်းအဝေး ကို တက်ရောက် ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေး အခြေအနေ ၊ အပြန်အလှန် နားလည်မှု တိုးပွား လာခြင်း ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး စနစ် ပြုပြင်ပြောင်းလဲရေး ၊ ကုန်သွယ်ရေး ၊ စွမ်းအင် နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စသည့် အကြောင်းအရာ များကို ဆွေးနွေး ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် G-20 အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာ၌ တရုတ် နိုင်ငံ အနေဖြင့် စီးပွားရေး တိုးတက်မှု အလယ်အထက် နှုန်းကို ဆက်လက် ထိန်းသိမ်း ထား နိုင်သည့် စွမ်းရည် ရှိသည်ကို ယုံကြည်မှု အပြည့် ရှိကြောင်း၊ G-20 အဖွဲ့၏ အဓိက တာဝန် သည် ကမ္ဘာ့စီးပွားရေး အား တိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ G-20 အဖွဲ့ အနေဖြင့် စည်းမျဉ်းစည်းကမ်း များ သတ်မှတ် ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကာ ရေရှည် တွန်းအား ပေးဆောင်ရွက် နိုင်သည့် ဆောင်ရွက်မှု များပြုလုပ် ရမည် ဖြစ် ကြောင်း ၊ အတူတကွ စည်းလုံးညီညွတ်စွာ စိန်ခေါ်မှု များအား ရင်ဆိုင် သွားနိုင်ရန်အဓိကကျသော အချက်(၄) ချက်အား အကြံပြုပြောကြားခဲ့ ကြောင်းသိရသည်။

G-20 အစည်းအဝေး ကို နိုဝင်ဘာ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့ ၂ရက် ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေး တွင် ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ၊ အပြန်အလှန် နားလည်မှု တိုးပွားရေး ဆိုင်ရာ ၊ ကမ္ဘာ့စီးပွားရေး အခြေအနေ ဆိုင်ရာ ၊ ဘက်စုံ မဟာဗျူဟာ တိုးမြှင့်ရေး ဆိုင်ရာ ၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ နှင့် ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ ဆိုင်ရာ စသည် တို့ကို ဆွေးနွေး ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.