Connect with us

Videos

မီးတောက်ဖြင့်ဆံပင်ပုံသွင်းခြင်း

စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

မီးတောက်ဖြင့်ဆံပင်ပုံသွင်းခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာတွင် လူငယ်အမျိုးသားထုအကြား ရေပန်းစားလျက်ရှိသည်။ မီးတောက်ဖြစ်စေမည့် အရည်တစ်မျိုးကို ဆံပင်ပေါ်တွင် ဖျန်းပေးပြီးနောက် မီးတောက်ဖြစ်ပွားချိန် တွင် ဆံပင်ကို ဖြီးသင်ပေးကာ မီးလောင်ကျွမ်းစေသည့်နည်းဖြင့် ဆံပင်ပုံသွင်းခြင်း ဖြစ်သည်။ အဆိုပါ ဆံပင်ပုံသွင်းနည်းမှာ သမားရိုးကျ ပုံစံများနှင့်ခွဲထွက်လျက်ရှိသော်လည်း တီထွင်ဆန်းသစ်မှုကို နှစ်သက်သည့်လူငယ်များကြားတွင်အလွန်နှစ်ခြိုက်ကြသည်ဟုသိရသည်။ ADONIS ဟုအမည်ရသည့် ဆံပင်ညှပ်ဆိုင်က ထိုနည်း အသစ်ကို မနှစ်က စတင်ကာမိတ်ဆက်ပေးခဲ့သည်။ ထိုသို့ မီးတောက် ဆံပင်ပုံသွင်းခြင်းပြုလုပ်ရာတွင်အသုံးပြုသည့် အရည်တစ်မျိုးကြောင့် ဆိုးကျိုးများဖြစ်ပွားမည်ကို စိုးရိမ်ဖွယ်မရှိကြောင်းဆံပင်ညှပ်ဆရာက ဆိုသည်။ မီးတောက်ဖြင့်ဆံပင်ပုံသွင်းမည်ဆိုပါက ဆံပင်ပုံစံအမျိုးမျိုးအပေါ်လိုက်ကာ အနည်းဆုံး၅ ဒေါ်လာ ကျသင့်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.