Connect with us

Videos

မူဆယ်၊ ကွတ်ခိုင် ၁ဝ၅ မိုင်ကုန်သွယ်ရေးစခန်းတို့တွင် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ၈ဦးသေဆုံး၊ ၂၉ဦး ဒဏ်ရာရရှိထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ အဆိုပါ လက်နက်ကိုင်အဖွဲ့များ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦး၊ရဲတပ်ဖွဲဝင် သုံးဦး၊ပြည်သူ့စစ် တစ် ဦးနှင့် ပြည်သူ သုံးဦး စုစုပေါင်း ရှစ် ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ပြည်သူ့စစ် နှစ်ဦး နှင့် ပြည်သူ ၁၈ ဦး စုစုပေါင်း ၂၉ဦး ဒဏ်ရာရထားသည်။

လက်နက်ကိုင်အဖွဲ့များသည် အင်အားအများအပြားဖြင့် လက်နက်ကြီးလက်နက်ငယ်များ ကိုအသုံးပြု တိုက်ခိုက်ခဲ့ပြီး မန္တလေး- မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး ရှိ ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တံတားထိခိုက်ပျက်စီးခဲ့သည့်အပြင် နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ မီးရှို့ခြင်းနှင့် ဗုံးဖေါက်ခွဲခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.