Connect with us

Videos

ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် နွေဦးနှစ်သစ်မင်္ဂလာ ဓာတ်ပုံပြပွဲကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေးတိုးပွားစေရန်ရည်ရွယ်ကျင်းပသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် အားလုံးအတူစုံ ပြုံးပျော်ရွှင်နွေဦး နှစ်သစ် မင်္ဂလာ ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် က ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး၏ ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)က ယခုကျင်းပ ပြုလုပ်သည့် ပြပွဲသည် နှစ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူများအကြား နားလည်မှုနှင့် ဖလှယ်မှု များ တိုးပွားလာပြီး သက်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အဓွန့်ရှည်ဖွံ့ဖြိုးလာစေမည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စား ရန်ကုန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ကလည်း ယခုကျင်းပသည့် ယူနန်ပြည်နယ်၏ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ပြပွဲသည် အလွန် အဓိပ္ပါယ်ရှိပြီး အားလုံးအတွက် လေ့လာ မှတ်သားစရာများ ရရှိမည်ဖြစ်သလို နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထပ်မံတိုးပွားစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း ယခုကျင်းပသည့်ပွဲမှာ နှစ်နိုင်ငံ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်းဖြစ်ရာ ပြပွဲဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်သူများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ယူနန် ယဉ်ကျေးမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် မစ္စရှောင်ရီချွန်မှ ယူနန်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အကြောင်းကို မိတ်ဆက်ပြောကြားခဲ့သည်။

ပြပွဲအခမ်းအနားတွင် ယူနန်ပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမျိုးအစား ၁၆ မျိုးကို ခင်းကျင်းပြသထားရာ လာရောက်ကြည့်ရှုလေ့လာသူများ နှင့်စည်ကားလျက်ရှိပြီး ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.