Connect with us

Videos

လက်ရှိငြိမ်းချမ်းကြိုးပမ်းဆောင်ရွက်မှုများသည် အနာဂတ် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီး အတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်နေမှုများသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု ကြီး အတွက် အခြေခံအုတ်မြစ်များ စိုက်ထူနိုင်ရန်ဖြစ်ကြောင်း သဘောတူနိုင်ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဆဌမနေ့ အခမ်းအနားတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားရာ ၌ ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး တွင် စုစုပေါင်း အချက် (၁၄)ချက် အား သဘောတူညီမှုရရှိခဲ့ပြီး၊၎င်း ၁၄ ချက်တွင် နိုင်ငံရေးကဏ္ဍ (၄)ချက်၊ စီးပွားရေးကဏ္ဍ (၁)ချက်၊ လူမှုရေးကဏ္ဍ (၇)ချက် နှင့် မြေယာကဏ္ဍ (၂)ချက် တို့ုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီကနေ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အစိတ်အပိုင်း (၂) သဘောတူညီချက်တွေ ဟာ ကျွန်မတို့ညီလာခံကြီး ရပ်တန့်မနေဘူး၊ နောက်ပြန်လည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲတက်လှမ်းနေတယ် ဆိုတာ ကို အထင်အရှားဖော်ပြနေတာပါ’’ ဟုပြောသည်။

ထို့ပြင် ယခုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အစိုးရပိုင်း၊ တပ်မတော်ပိုင်း နှင့် သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့တွေ့ဆုံရာတွင် လွတ်လပ်ပွင့်လင်းစွာ ရင်းနှီးစွာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်စေမည့် အလားအလာကောင်း များစွာရရှိခဲ့သည့် အတွက် အားလုံး အတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေးရဲ့ ရလဒ်ကောင်း များထဲမှ တစ်ခုဆိုတာကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီသဘောထား ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် ညီလာခံ (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ (၂)ကြိမ်၊ စုစုပေါင်း ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ရေး၊ ဒီညီလာခံ(၃)ကြိမ်မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်ရေး၊ ဆက်လက် ကျင်းပမယ့် ညီလာခံတွေမှာ အခြေခံမူတွေကို အုတ်မြစ်အဖြစ် ချမှတ်နိုင်ရေးအတွက် အစုအဖွဲ့အသီးသီးက ကြိုးပမ်းဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ညီလာခံရဲ့ သန္နိဋ္ဌာန်အဖြစ် ချမှတ်လိုက်တာဖြစ်ပါတယ်။’’ ဒေါ်အောင်ဆန်းကြည်က ဆိုသည်။

ယုံကြည်မှုတည်ဆောက်ရေးကို မြှင့်တင်နိုင်ရန် အတွက် အင်အားစုများ ၏ ခေါင်းဆောင်တွေ အကြားမှာ အလွတ်သဘောတွေ့ဆုံပြီး သဘောထားအမြင်များ ဖလှယ်ကြရန်၊ ကွဲပြားခြားနားသည့် ရှုမြင်ချက်များကြားက တူညီသည့် ဘုံရှုမြင်ချက်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ နှင့် တွေ့ဆုံရာတွင် လည်း ခေါင်းဆောင်များ၊ ဒါမှမဟုတ် ခေါင်းဆောင်များက ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့် လွှဲအပ်လိုက်သည့် ကိုယ်စားလှယ်များ ပေါ့ပေါ့ပါးပါး အလွတ်သဘောတွေ့ဆုံကြရန် သဘောတူညီထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ခေါင်းဆောင်တွေအကြား အလွတ်သဘော သီးသန့်ဆွေးနွေးပွဲ အမြန်ဆုံးစတင်နိုင်ဖို့လည်း အစိုးရဘက်က အလေး အနက်ထား ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။ ဒါ့ကြောင့် သဘော တူညီချက်တွေ နည်းခြင်း၊ များခြင်းထက် ကျွန်မတို့ အချင်းချင်းအကြားမှာ ကျေလည်ခြင်း၊ ဘုံလက်ခံခြင်း၊ ရေရှည်အတွက် ခိုင်မာခြင်းတွေက ပိုပြီးအရေးကြီးပါတယ်။ နောက်ညီလာခံမှာ ဒီထက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အခြေခံမူတွေချမှတ်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်နိုင်ကြမယ်လို့ လည်း ယုံကြည်ပါတယ်။’’ ဟုဒေါ်အောင်းဆန်းကြည်မှ နိဂုံးချုပ်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.