Connect with us

Videos

သွားကြားထိုးတံများဖြင့် ကျားရုပ်ဖန်တီး

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

သွားကြားထိုးတံပေါင်း ၃ သိန်း ၂သောင်းကို အသုံးပြုပြီး ကျားရုပ် ပန်းချီ တစ်ခုကို တရုတ်နိုင်ငံရှိ Zhong Rongzong ဆိုသူက ဖန်တီးပြုလုပ်ခဲ့သည်။ ၎င်းက သွားကြားထိုးတံများကို ဆေးရောင်များခြယ်ကာ ကြာရှည်ခံဆီဖြင့်စိမ် ကာ သစ်သားဖြင့်လုပ်ထားသည့် ပန်းချီကားမျက်နှာပြင်တွင် ၎င်းသွားကြားထိုးတံများကို ထိုးစိုက်ခြင်းဖြင့် ပုံဖော်ခြင်းဖြစ်သည်။ Zhong မှာ အသက် ၃၉ နှစ် ရှိပြီဖြစ်ပြီး ထိုပန်းချီကားကို ပြုလုပ်ရန် အချိန် ၄ လ ယူခဲ့ရသည်။ ၎င်းသည် ကျောက်ကပ်ရောဂါ ကို လွန်ခဲ့သည့် ၇ နှစ်ကတည်းက ခံစားနေရသူဖြစ်ပြီး ထိုပန်းချီကားကို ရောင်းချရငွေဖြင့် ဆေးဖိုးကုန်ကျငွေ ရရှိစေရန် ဖန်တီးပြုလုပ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.