Videos
ဟောင်ကောင်၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲ
ဟောင်ကောင် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီ(LegCo) ရွေးကောက်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
၎င်းမှာ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရွေးကောက်ပွဲစနစ် တိုးတက်မြှင့်တင်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်သည်။
ဟောင်ကောင်ဒေသတစ်ဝှမ်းရှိ မဲရုံပေါင်း ၆၀၀ ကျော်ကို ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း နှင့် မဲပေးခွင့်ရှိသူ ၄.၅ သန်း ရှိ ကြောင်း သိရသည်။
သတ္တမအကြိမ်မြောက် ဟောင်ကောင်ဥပဒေပြုကောင်စီ ( HKSAR LegCo) ၏ အဖွဲ့ဝင်အရေအတွက်ကိုလည်း ၇၀ ဦး မှ ၉၀ ဦးအထိ တိုးမြှင့်ထားပြီး ယင်းကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကော်မတီရေးရာ မဲဆန္ဒနယ် (Election Committee constituency) အတွက်( ကိုယ်စားလှယ် ၄၀ ဦး) ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ် (Functional constituencies)အတွက် ( ကိုယ်စားလှယ် ၃၀ ဦး ) နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ်(Gographical constituencies) အတွက် ( ကိုယ်စားလှယ် ၂၀ ဦး) ကို အသီးသီးရွေးချယ် တင်မြှောက်သွားကြမည်ဖြစ်သည်။
ရွေးကောက်ပွဲကော်မတီမဲဆန္ဒနယ်တွင် အမတ်နေရာ ၄၀ အတွက် ကိုယ်စားလှယ်လောင်း ၅၁ ဦး ၊ လုပ်ငန်းရေးရာ မဲဆန္ဒနယ်တွင် အမတ်နေရာ ၃၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၇၆ ဦး နှင့် ပထဝီမြေပြင်ရေးရာ မဲဆန္ဒနယ် တွင် အမတ်နေရာ ၂၀ ဦးအတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး အသီးသီး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ရိုင်မွန်ဒီ ကောလိပ်မဲရုံတွင် မနက် ၉ နာရီ မဲထည့်ပြီးနောက် မီဒီယာများနှင့်တွေဆုံခဲ့သည်။
သတ္တမအကြိမ်မြောက် LegCo ရွေးကောက်ပွဲ သည် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုထားကြောင်းနှင့် ဟောင်ကောင်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် လူထုအနေဖြင့် နိုင်ငံသားတိုင်း၏ တာဝန်များကို ကျေပွန်စွာဖြည့်ဆည်းရေးအတွက် ဆန္ဒမဲလာရောက်ပေးကြရန် Lam က တိုက်တွန်းခဲ့သည်။
လမ်သည် လွန်ခဲ့သည့် ၂ နှစ်က ခရိုင်ကောင်စီရွေးကောက်ပွဲတွင် ၎င်း၏ခင်ပွန်းနှင့်အတူ မဲရုံတစ်ရုံထဲတွင် အတူမဲပေးခဲ့ ရာ မဲဆန္ဒရှင်များသည် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိခဲ့ကြောင်း ထိုစဉ်က ဟောင်ကောင်တွင် အကြမ်းဖက်မှုများကြုံတွေ့ခဲ့ရပြီး မဲဆန္ဒရှင်များသည်လည်းခြိမ်းခြောက်ခံခဲ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။
ထိုစဉ်ကနှင့် နှိုင်းယှဉ်ကြည့်ပါက ဟောင်ကောင်ရှိ မဲရုံများအားလုံးနှင့် အများသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍများသည် တနင်္ဂနွေနေ့တွင် ငြိမ်းချမ်းပြီး ချောမွေ့စွာ လည်ပတ်နေသည့်အခြေအနေမှာ အားရစရာကောင်းသည်ထက်ပင်သာလွန်နေ ကြောင်းဆိုသည်။
အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် Lam က သူ နှင့် လုပ်ဖော်ကိုင်ဖက်များသည် အသစ်ရွေးချယ်ခံရသော LegCo အဖွဲ့ဝင်များနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၎င်းတို့၏အမြင်များကို နားထောင်ပြီး အုပ်ချုပ်ရေးတွင် လူထု၏သဘောထားကို ပိုမိုထင်ဟပ်စေကာ ဟောင်ကောင်အတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးနိုင်မည်ဟု ပြောကြားခဲ့သည်။
မဲရုံများတွင် သာမန်မဲရုံ ၆၃၀ ခန့်နှင့် ၂၄ ရုံထက် မပိုသော သီးသန့်မဲရုံ များထားရှိသည်။COVID-19 ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေရခြင်းကြောင့် မဲရုံများတွင် Heung Yuen Wai ၊ Lo Wu နှင့် Lok Ma Chau Spur Line များ၌ ကိုဗစ်ရောဂါ စစ်ဆင်းရေးနေရာများ အသီးသီးထည့်သွင်းထားကြောင်း သိရသည်။
တရုတ်နိုင်ငံပြည်မကြီးသို့ရောက်ရှိနေသော ဟောင်ကောင်မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ ဆန္ဒမဲများကို ပေးနိုင်ရန်အတွက် ဟောင်ကောင်သို့ အချိန်တိုအတွင်း ပြန်သွားနိုင်အောင် စီစဉ်ပေးထားကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ Mass Transit Railway Corporation Limited လုပ်ငန်းစု ၊ ဘတ်စ်ကားပို့ဆောင်ရေးလုပ်ငန်းစု နှင့် ဟောင်ကောင် Tramways ပို့ဆောင်ရေးလုပ်ငန်းစုများ အပါအဝင် အမျိုးမျိုးသော အများပြည်သူပို့ဆောင်ရေးစနစ်များက ရွေးကောက်ပွဲနေ့တွင် ပြည်သူများ လွယ်ကူစွာသွားရောက် မဲပေးနိုင်ရန်အတွက် အခမဲ့ယာဉ်စီးနင်းခွင့်ကို စီမံဆောင်ရွက်ပေးထားသည်။
LegCo သည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဥပဒေပြုကောင်စီဖြစ်သည်။ဥပဒေပြုကောင်စီအမိန့်အရ ကောင်စီအမှုဆောင်အရာရှိချုပ်သည် ဟောင်ကောင်၏ သတ္တမအကြိမ်မြောက် ဥပဒေပြုကောင်စီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူသွားရမည်ဖြစ်သည်။ LegCo ဥပဒေပြုကောင်စီ၏ ရာထူးသက်တမ်းမှာ ၄ နှစ် ဖြစ်ကြောင်း သိရသည်။(Xinhua)
———————————
(English Version)
GLOBALink | HKSAR holds Legislative Council election
HONG KONG, Dec. 19 (Xinhua) — The election for the seventh-term Legislative Council (LegCo) of the Hong Kong Special Administrative Region (HKSAR) kicked off Sunday morning, the first since the improvement to the HKSAR electoral system.
More than 600 polling stations opened at 8:30 a.m. local time across Hong Kong for about 4.5 million registered electors to cast their votes.
The membership of the seventh term of the HKSAR LegCo will increase from 70 to 90, and the members are to be elected by the Election Committee constituency (40 seats), functional constituencies (30 seats), and geographical constituencies (20 seats), respectively.
In the Election Committee constituency, 51 candidates are competing for 40 seats; in the functional constituencies, 67 candidates are competing for 30 seats; in the geographical constituencies, 35 candidates are competing for 20 seats.
HKSAR Chief Executive Carrie Lam met the press after casting her ballot on 9:00 a.m. at the Raimondi College polling station.
Noting that the seventh-term LegCo election features broad representation, Lam called on the public to fulfill their civic responsibilities and vote actively for Hong Kong’s long-term peace and stability.
Lam recalled voting with her husband at the same polling station two years ago during the District Council election, noting that voters feared for their personal safety as Hong Kong was then rattled by violence and candidates were threatened.
In comparison, all polling stations and public transport in Hong Kong are peaceful and running smoothly on Sunday, a situation that is more than encouraging, she said.
As the chief executive, Lam said she and her colleagues will cooperate fully with the newly-elected LegCo members and listen to their views, so as to better reflect public opinion in administration and create a better future for Hong Kong.
The polling stations are comprised of about 630 ordinary polling stations and no more than 24 dedicated polling stations. Due to border control measures over COVID-19, polling stations were also set up at the checkpoints at Heung Yuen Wai, Lo Wu, and Lok Ma Chau Spur Line. Hong Kong voters in the Chinese mainland can briefly cross into Hong Kong to cast their ballots.
Various public transport operators including the Mass Transit Railway Corporation Limited, franchised bus operators, and Hong Kong Tramways provide free rides for the public on the polling day.
The LegCo is the legislature of the HKSAR. The Chief Executive in Council, in accordance with the Legislative Council Ordinance, has specified Jan. 1, 2022 as the commencement date of the seventh-term LegCo of the HKSAR.
The term of office of the LegCo is four years.
Produced by Xinhua Global Service