Connect with us

Videos

အင်ဒိုနီးရှားနိုင်ငံ ငလျင်များနှင့် ဆူနာမီကြောင့် သေဆုံးသူအရေအတွက် ၁,၄၀၇ ဦးအထိ မြင့်တက်

ပါလူ၊ ဂျကာတာ၊ အင်ဒိုနီးရှား၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်များနှင့် ဆူနာမီဖြစ်ပွားမှုကြောင့် အောက်တိုဘာလ ၃ ရက်အထိ သေဆုံးသူ အရေအတွက်မှာ ၁,၄၀၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းက ပြောကြားလိုက်သည်။

သေဆုံးသူအများစုသည် ပြည်နယ်မြို့တော် ပါလူမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးသမားများနှင့် စက်ပစ္စည်းကိရိယာများ ထပ်မံဖြည့်တင်း၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် စူတိုပို ပါဝူ နူဂရိုဟို (Sutopo Purwo Nugroho) က ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုများကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး နေအိမ် ၂,၄၀၃ လုံး ပျက်စီးခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၃၆၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး ယင်းအနက် ၁၂ ကြိမ်မှာ အင်အားအသင့်အတင့်ပြင်းထန်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.