Connect with us

Videos

အပိုင်းတစ်ပိုင်းတွင် ခရီးသည် ဦးရေ ၃ဝဝ အထိ လိုက်ပါစီးနင်းနိုင်မည့် နည်းပညာမြင့် ဘတ်စ်ကား

ပေကျင်း ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)
Times မဂ္ဂဇင်း မှ ၂၀၁၀ ခုနှစ်၏ အကောင်းဆုံး နှင့် ဆန်းသစ် ထိုးဖောက်နိုင်မှု အရှိဆုံး တီထွင်မှု ဟု သတ်မှတ် ခံရသည့် တရုတ် နိုင်ငံ မှ ကိုယ်ပိုင် ဒီဇိုင်းဆွဲ တီထွင် ပြုလုပ်ခဲ့သော Transit Elevated Bus (TEB) လက်တွေ့စမ်းသပ် မောင်းနှင်မှု ကို သြဂုတ်လ ၂ ရက်နေ့တွင် ပြုလုပ် ခဲ့သည်။
လက်တွေ့စမ်းသပ်မှု တွင် ဘက်စုံ စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး ဘရိတ်စနစ် ၊ ပွတ်တိုက်မှုပိုင်းဆိုင်ရာ ညွှန်းကိန်းများ ၊ လျှပ်စစ်အသုံးပြုမှု စသည့် တို့ပါဝင် ခဲ့ပြီး ကားနှင့်လမ်း၏ ဆက်နွယ်မှု နှင့် ကားနှင့် ခရီးသည် တို့၏ ဆက်နွယ်မှု စသည်တို့ကိုလည်း စမ်းသပ်ခဲ့ပါသည်။
ယင်း TEB ဘတ်စ်ကား BaTie-1 ကို ထုတ်လုပ်ခဲ့သည့် BaTie နည်းပညာဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ပြောကြားချက်အရ ယခု စမ်းသပ် မောင်းနှင်ခဲ့သည့် ဘတ်စ်ကား သည် ဘတ်စ်ကား အပိုင်းတစ်ပိုင်းဖြစ်ပြီး အရှည် ၂၂ မီတာ ၊ အကျယ် ၇.၈ မီတာ နှင့် အမြင့် ၄.၈ မီတာ ရှိကာ ခရီးသည် ၃၀၀ လိုက်ပါနိုင်ရန် သတ်မှတ် ခဲ့ကြောင်း ၊ ဘတ်စ်ကား အတွင်းတွင် ခရီးသည် ထိုင်ခုံ ၅၅ ခုပါရှိကာ ခရီးသည် အလွန်များပြားချိန်တွင် အဆင်ပြေစေရန် အတွက် လက်ကိုင်တန်း အခု ၂၀ ကိုလည်း တပ်ဆင်ထားကြောင်း ၊ ထို့ပြင် ဘတ်စ်ကား အတွင်းတွင် LCD TV များကို နေရာပေါင်းစုံမှ ကြည့်မြင်နိုင်ရန် တပ်ဆင်ခဲ့ပြီး Dynamic Map ၄ခု တပ်ဆင်ထားသောကြောင့် ခရီးသည် များအနေဖြင့် မြို့တွင်း လမ်းခရီးအသွားအလာ အခြေအနေ များကို အဆင်ပြေစွာ သိရှိနိုင်မည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.