Connect with us

Videos

မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ စနစ်တကျ မှတ်ပုံတင်ရတော့မည်

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)
အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန်၊ အများပြည်သူများ အနေဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြု၍ Mobile Banking၊ Mobile Money၊ Online Shopping စသည့် ကိစ္စရပ်များ ပြုလုပ် ရာတွင် အသိအမှတ်ပြုပစ္စည်း တစ်ခု အနေဖြင့် ဆက်စပ် အသုံးပြုနိုင်ရန်၊ SIM Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည် ရရှိ သုံးစွဲနိုင်ရန် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ မှတ်ပုံတင်၍ သုံးစွဲခြင်းကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စတင်ဆောင်ရွက်တော့မည်ဟုသိရသည်။
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည် မိမိတို့အသုံးပြုလျက် ရှိသည့် SIM Card များအား သက်ဆိုင်ရာ အော်ပရေတာ များ နှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်း ပြုလုပ်ကြရန် နှင့် စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် SIM Card များအား ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးခြင်း ယာယီ ရပ်စဲသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.