Connect with us

Videos

အာရှတိုက်၏အရှည်ဆုံးဥမင်ရထားလမ်းကို လှိုဏ်ခေါင်းဖောက်စက်ကြီးဖြင့်ဖောက်လုပ်လျက်ရှိ

တာ့လီ၊ မေ ၂၂ ရက်(ဆင်ဟွာ)

အာရှတိုက်၏ အရှည်ဆုံးဥမင်ရထားလမ်း Gaoligong ကို တရုတ်နိုင်ငံထုတ် ကိုင်ယွမ်အမည်ရ လှိုဏ်ခေါင်းဖောက်စက်ဖြင့် ဖောက်လုပ်လျက်ရှိသည်။ ထိုဥမင်လှိုက်ခေါင်းမှာ အရှည ်၃၄.၃၅ ကီလိုမီတာရှိပြီးတာ့လီနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

၂ဝ၁၇ခုနှစ် သြဂုတ်လတွင် ကိုင်ယွမ် လှိုဏ်ခေါင်းဖောက်စက်ဖြင့် ယူနန်ပြည်နယ်ဘက်အပိုင်းကို ဖောက်လုပ်နိုင်ခဲ့သည်။ “ပြီးခဲ့တဲ့လက ကျွန်တော်တို့တစ်နေ့ကို ၃၂.၁၄ မီတာလောက်ကိုဖောက်လုပ်ခဲ့ကြပါတယ်။ဒါက တရုတ်ပြည်မှာတော့ အမြန်ဆုံးဖောက်လုပ်နိုင်စွမ်းပါဘဲ ။ဒီနှုန်းအတိုင်းသာ ကျွန်တော်တို့ဆက်ဖောက်သွားမယ်ဆိုရင် ကျွန်တော်တို့ ၃၄ ကီလိုမီတာအရှည်ရှိတဲ့ Gaoligong ဥမင်ရထားလမ်းကို နှစ်အနည်းငယ်အတွင်းမှာပဲ ဖောက်လုပ်နိုင်တော့မှာပါ။ကျွန်တော်တို့ ဥမင်ရဲ့ ၂ ဘက်စလုံးကို ဖောက်လုပ်နေကြတာပါ။ ဒါက ပိုမိုထိရောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်လည်း သဟာဇာတဖြစ်ပါတယ်။ကျွန်တော်တို့လူ့စွမ်းအားအရင်းအမြစ်ကိုလည်းလျှော့ချနိုင်ပြီး သေချာပေါက်လုံခြုံစိတ်ချမှုလည်းရှိပါတယ်” ဟု တရုတ်နိုင်ငံ အဆင့်မြင့်ရထားလမ်းများ ဖောက်လုပ်ရေးကော်ပိုရေးရှင်းမှ Yi Tiejun က ဆိုသည်။

ကိုင်ယွမ် လှိုဏ်ခေါင်းဖောက်စက်မှာ အချင်း ၉.၀၃ မီတာရှိပြီး ပြည်တွင်းထုတ် လှှိုဏ်ခေါင်းဖောက်စက်များထဲတွင် အချင်း ၉ မီတာကျော်ဖြင့် အကြီးဆုံး စက်ကြီးဖြစ်သည်။ ၎င်းမှာ မြေသားအမျိုးမျိုးနှင့်ကျောက်ဆိုင်ကျောက်ခဲများကိုဖောက်ထွင်းနိုင်စွမ်းရှိပြီး အချိန်ကုန်သက်သာစေကာ အလုပ်သမားအင်အားကိုလည်းခြွေတာနိုင်သည့်စက်ကြီးဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.