Connect with us

Videos

တရုတ်နိုင်ငံထုတ် ရေအောက် လေ့လာရေး စက်ရုပ်

ပေကျင်း၊ မေ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်က ရေအောက်စူးစမ်းလေ့လာမှုများပြုလုပ်နိုင်မည့် Tansuo အမည်ရ ပြည်တွင်းဖြစ် ရေအောက် လေ့လာရေး စက်ရုပ်ကို ပေကျင်းတွင်ကျင်းပသည့် နိုင်ငံတကာ နည်းပညာမြင့်ပစ္စည်းများပြပွဲတွင်ပြသခဲ့သည်။ ၎င်းမှာ ငါးအသွင်ဖန်တီးထားပြီး ၃.၅ မီတာ အရှည်ရှိကာ အကျယ် ၁.၅ မီတာရှိပြီး ရေအောက် အနက်ပေ ၄၅ဝဝ အထိ ဆင်းသက်ကာ လေ့လာမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ အလိုအလျောက်စနစ်ဖြင့် ရွေ့လျားသွားလာမည့် ထိုစက်ရုပ် ကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လတွင် တောင်တရုတ်ပင်လယ်အတွင်းသို့ စမ်းသပ်စေလွှတ်ခဲ့ရာ ရေအောက်တွင်မည်သည့်အကူအညီမှ မပါဘဲ သွားလာကာ လေ့လာမှုများပြုလုပ်နိုင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.