Connect with us

Videos

၂ဝ၁၈ နိုင်ငံတကာ စစ်ရေးပြိုင်ပွဲ ရေကြောင်းတိုက်ခိုက်မှုပြိုင်ပွဲ

ကွမ်ကျိုး၊ ဇူလိုင် ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် ၂ဝ၁၈ နိုင်ငံတကာ စစ်ရေးပြိုင်ပွဲ ရေကြောင်းတိုက်ခိုက်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါ ရေကြောင်းတိုက်ခိုက်မှုပြိုင်ပွဲကို အီရန်၊ ရုရှား၊ ဆူဒန်၊ ဗင်နီဇွဲလားနှင့် တရုတ် နိုင်ငံတို့မှ ကြည်းရေလေ တပ်ဖွဲ့ဝင်ပေါင်း ၂ဝဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဇူလိုင်လ ၃ဝ ရက်နေ့မှ သြဂုတ်လ ၁ဝ ရက်နေ့အထိ ပြိုင်ပွဲများကိုကျင်းပသွားမည်ဟုလည်းသိရသည်။ ပြိုင်ပွဲကျင်းပစဉ် အတွင်း ပြိုင်ပွဲဝင်များအားလုံးမှာ တရုတ်နိုင်ငံ က ထုတ်လုပ်သည့် စစ်ရေးလက်နက်များနှင့် ယာဉ်များကိုသာအသုံးပြုရမည်ဖြစ်သည်။ နိုင်ငံတကာ စစ်ရေးပြိုင်ပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲအား တရုတ်၊ ဘယ်လာရုဇ်၊ ကာဇက်စတန်နိုင်ငံတို့အပါအဝင် အခြားနိုင်ငံပေါင်း ၇ နိုင်ငံကပူးတွဲကျင်းပခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၅ နှစ်ကတည်းက စစ်ရေးပြိုင်ပွဲများတွင် ဖိတ်ကြားချက်များအရ တရုတ်နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပြိုင်ပွဲတစ်ချို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ ယခုနှစ်တွင်လည်း အခြား စစ်ရေးပြိုင်ပွဲ ၃ ပွဲကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသရှိ ခေါ်လာဒေသ တွင် ကျင်းပလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.