Connect with us

Videos

အိန္ဒိယနိုင်ငံ၏ ပထမဆုံး မြေအောက်ရထားလမ်းကို တရုတ်နိုင်ငံက တည်ဆောက်လျက်ရှိ

မွမ်ဘိုင်း၊ ဇူလိုင် ၃ဝ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ မြို့တော်မွမ်ဘိုင်းတွင် ၃၃.၅ ကီလိုမီတာ အရှည်ရှိသည့် မြေအောက်ရထားလမ်းကို တရုတ်နိုင်ငံ Shanghai Tunnel Engineering Company က တည်ဆောက်လျက်ရှိသည်။ ထိုရထားလမ်းမှာ အိန္ဒိယနိုင်ငံ၏ လူသိများပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာ ဖြစ်သည့် ကိုလာဘာနှင့် အထူးစီးပွားရေးဇုန် SEEPZ တို့ကို ချိတ်ဆက်ပြေးဆွဲမည်ဖြစ်သည်။ ထိုမြေအောက်ရထားလမ်းဖောက်လုပ်ရာတွင် မီးတောင်ကျောက်များကိုဖြတ်သန်းရမည့်မြေအောက်ဥမင်တစ်ခုနှင့် ရောနှောနေသည့် မြေအမျိုးအစားများပေါ်တွင်ဖောက်လုပ်ရမည်ဖြစ်ပြီး မြစ်တစ်စင်း၏ အောက်ဘက်မှ ၁ ကီလိုမီတာ အရှည်ရှိ ရေအောက်ရထားလမ်းကိုပါ ဖောက်လုပ်ရမည့်အတွက် စိန်ခေါ်မှုများရှိကြောင်းသိရသည်။ ရထားလမ်းတစ်ခုလုံး ပြီးစီးပါက ၎င်းမှာ အိန္ဒိယ နိုင်ငံ၏ ဒုတိယမြောက် မြစ်ကြောင်း၏အောက်ဘက်တွင် ဖောက်လုပ်ထားသည့် ရထားလမ်းဖြစ်ပြီး ပထမဆုံး မြေအောက်တွင် ပြေးဆွဲမည့် ရထားလမ်းဖြစ်လာမည်။ ထို မြေအောက်ရထားလမ်း ကို ၂ဝ၂၁ ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.