Connect with us

Videos

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်း ပါတီများ ထုတ်ပြန် ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏စာရင်းကိုပါတီများမှ ယနေ့တွင်စတင်ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာ အပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော် အတွက် ၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီး အတွက် ၉၀ ဦး၊ ကရင် ပြည်နယ်အတွက် တစ်ဦးနှင့် ရခိုင် ပြည်နယ် အတွက် တစ်ဦး စုစုပေါင်း ၁၄၉ နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ် ၁,၁၇၁ ခုအနက် အများစု ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ် ပြီး ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ယနေ့ ကော်မရှင်ရုံးတွင် စာရင်း လာရောက်သွင်းခဲ့ပါသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) မှ ကိုယ်စားလှယ်လောင်း ၁၆၀ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ပါတီဥက္ကဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီ ခေါင်းဆောင် ၅ ဦးက ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများ ကိုသာ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ကျားခေါင်းပါတီမှ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဆင်ဟွာကို ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.