Connect with us

Videos

နိုင်ငံတော် သမ္မတက ယနေ့အကျဉ်းသား/သူ ၆၉၆၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့် အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦး တို့ကို ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နှင့်အညီ မြန်မာနိုင်ငံသားအကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦး တို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေး ခဲ့ပါသည်။

နိုင်ငံတော် တည်ငြိမ် ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန် လည် စည်းလုံး ညီညွတ် ရေး ၊ နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး နှင့် လူသားချင်း စာနာ ထောက် ထားမှုကို အလေးပေးသော အနေဖြင့် ယခုကဲ့သို့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့်ထဲတွင် ပြစ်ဒဏ်ကျခံနေရသည့် တရုတ်နိုင်ငံသား သစ်ခုတ်သမား ၁၅၅ ဦးလည်း ပါဝင်ပြီး ၎င်းတို့ကို တရုတ်နိုင်ငံ ဘက် သို့ ပြန်လည် လွဲပြောင်းပေးရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ကလည်း တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့တွင် တရားမဝင် သွားရောက် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ချုပ်နှောင်ခံရပြီး ထိန်းသိမ်း ခံထားရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့မှ မြန်မာ နိုင်ငံသား ၂၀၅ ဦးကို ရှန်တုန်း ပြည်နယ်နှင့် ကျန်းစု ပြည်နယ်တို့မှ ရွှေလီမြို့သို့ မီးရထားဖြင့် ပို့ဆောင်ကာ တရုတ် နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဘက်သို့ ပြန်လည် လွှဲပြောင်း အပ်နှံခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.