Connect with us

Videos

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကျင်းပ

နေပြည်တော် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားနေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့ဇွန် ၂၀ ရက်မှ စတင် ကျင်းပရာကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲအတွဲစုစုပေါင်း ၇၄၉၁ တွဲ အားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲ ၊ ကျောက်မျက် နှင့် ကျောက်စိမ်းအတွဲများမှာပုလဲအတွဲပေါင်း ၃၆၀ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၃၃၆ တွဲ ၊ ကျောက်စိမ်းအတွဲပေါင်း ၆၇၉၅ တွဲ ပါဝင်ကြောင်း သိရသည်။ ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲသို့တက်ရောက်ရန် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ ထိုင်း နိုင်ငံ ၊ ကနေဒါ နိုင်ငံ ၊ အမေရိကန် နိုင်ငံတို့မှ ပြည်ပရတနာကုန်သည် ၃၁၃၂ ဦး နှင့် ပြည်တွင်းရတနာကုန်သည် ၁၂၀၃ ဦးစုစုပေါင်း ၄၃၃၅ ဦးစာရင်းပေးသွင်းထားကြောင်းသိရသည်။

ယခု ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ယူရိုသန်း ၄၀၀ ဝန်းကျင်ခန့် ရောင်းချရရန် မျှော်မှန်းထားကြောင်း ၊ ပြပွဲသို့ကုန်သည် တက်ရောက်မှု အခြေအနေမှာယခင် ကျင်းပ ပြီးစီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲထက် ပိုများကြောင်းမြန်မာ့ကျောက်မျက်ရတနာပြပွဲဌာနမှ သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီးယခုပွဲမှာ ၉၃ ပွဲမြောက် ဖြစ်ကြောင်းသိရသည်။ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၁၈ ခုနှစ် ၊ ၅၅ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲအားဇွန် ၂၀ ရက်မှ ၂၉ ရက် အထိကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီးယနေ့ကျင်းပသော ပြပွဲသို့ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူ ၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရူအားပေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.