Connect with us

Videos

တရုတ်ရိုးရာယဉ်ကျေးမှုပြယုဂ်တစ်ခုဖြစ်သည့်နဂါးလှေပွဲတော်

ပေကျင်း၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

တရုတ်ရိုးရာနဂါးလှေပွဲတော်ကို နှစ်စဉ် တရုတ်ပြက္ခဒိန်၏ ၅ လပိုင်း ၅ ရက်နေ့ ရောက်တိုင်းကျင်းပလေ့ရှိသည်။ တရုတ်ရိုးရာနဂါးလှေပွဲတော်ကို Dwanwu ပွဲတော်ဟုလည်းလူသိများကြသည်။ ၎င်းပွဲတော်ကို တရုတ်ကဗျာဆရာနှင့် မျိုးချစ်သူရဲကောင်း Qu Yuan အား ဂုဏ်ပြုသည့်အထိမ်းအမှတ်ဖြင့်ပြုလုပ်ခြင်းဖြစ်သည်။ ပွဲတော်ရက်အတွင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများစွာကျင်းပသည့်ထဲတွင် ရိုးရာကောက်ညှင်းထုတ်(Zongzi) စားခြင်း၊ တရုတ်ရိုးရာအရက်သောက်ခြင်းနှင့် နဂါးလှေပြိုင်ခြင်းတို့လည်းပါဝင်သည်။ ထိုပွဲတော်မှာ ၂ဝဝ၉ ခုနှစ်တွင် UNESCO ၏ ထိန်းသိမ်းရမည့်ရိုးရာအမွေအနှစ် စာရင်းဝင်ခဲ့သည်။ တရုတ်နိုင်ငံတွင် ၂ဝဝ၈ ခုနှစ်ကတည်းက နဂါးလှေပွဲတော်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးခဲ့ပြီးတစ်နိုင်ငံလုံးတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.