Connect with us

Videos

ဆူဒန်နိုင်ငံ၌ တိုက်ပွဲများကြောင့် လူပေါင်း ၈၆၀,၀၀၀ ထွက်ပြေးလာမည်ဟု UNHCR ခန့်မှန်း

ဆူဒန် ၊ မေ ၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ဆူဒန်နိုင်ငံ၌ တိုက်ပွဲများကြောင့် လူပေါင်း ၈၆၀,၀၀၀ ထွက်ပြေးလာမည်ဟု ခန့်မှန်းထားကြောင်း မေ ၄ ရက်တွင် ပြောကြားခဲ့ပြီး အောက်တိုဘာလအထိ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများကို ကူညီရန် အမေရိကန်ဒေါ်လာ ၄၄၅ သန်း လိုအပ်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ဆူဒန်စစ်တပ် နှင့် Rapid Support Forces (RSF) လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ စတင်ချိန်ကတည်းက ပြည်သူများက ဆူဒန်နိုင်ငံမှ Chad ၊ တောင်ဆူဒန် ၊ အီဂျစ် ၊ အီတီယိုးပီးယား နှင့် Central African Republic နိုင်ငံများသို့ ထွက်ပြေးကြကြောင်း သိရသည်။
အီဂျစ်နိုင်ငံ နှင့် တောင်ဆူဒန်နိုင်ငံတို့က နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ပိုမိုဝင်ရောက်လာနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————-
860,000 people projected to flee fighting in Sudan: UNHCR
The UN refugee agency UNHCR said on Thursday it anticipated an outflow of 860,000 people fleeing the fighting in Sudan, adding that it will need 445 million U.S. dollars to assist the displaced through October.
Since the fighting between the Sudanese Army and the paramilitary Rapid Support Forces (RSF) began, people have been fleeing from Sudan to Chad, South Sudan, Egypt, Ethiopia, and the Central African Republic.
Egypt and South Sudan are expected to see the most arrivals.