Connect with us

Media

ဆူဒန်စစ်တပ်ခေါင်းဆောင်က စင်ပြိုင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သဘောတူညီချက် ရယူမည် မဟုတ်ကြောင်း ကတိပြု

ခါတွန် ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဆူဒန်စစ်တပ် (SAF) ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန်က ၎င်းအနေဖြင့် စင်ပြိုင်လက်နက်ကိုင် အဖွဲ့အစည်း Rapid Support Forces (RSF) နှင့် မည်သည့်သဘောတူညီချက်ကိုမျှ ရယူမည် မဟုတ်ကြောင်း ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ်က ဆူဒန်နိုင်ငံအရှေ့ပိုင်း Red Sea ဒေသ စစ်ရေးနယ်မြေအတွင်း Flamingo ရေတပ် အခြေစိုက်စခန်းရှိ စစ်သားများကို မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေး အချုပ်အခြာအာဏာပိုင်ကောင်စီထံမှ သိရသည်။

“ဆူဒန်ပြည်သူတွေကို သစ္စာမဲ့တဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးနဲ့မဆို သဘောတူညီချက်ယူမှာ မဟုတ်ပါဘူး။ ရန်သူတွေကို အနိုင်ယူဖို့ အာရုံစိုက်ကြိုးပမ်းသွားမှာပါ” ဟု ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန်က ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
Sudanese army chief vows no agreements with paramilitary forces
General Commander of the Sudanese Armed Forces (SAF) Abdel Fattah Al-Burhan said on Monday that he will not reach any agreement with the paramilitary Rapid Support Forces (RSF).
Al-Burhan made the remarks when addressing the soldiers of Flamingo naval base in the military area of the Red Sea region in eastern Sudan, according to Sudan’s Transitional Sovereign Council.
“There will be no agreement with any party that betrayed the Sudanese people, and the efforts will be focused on defeating the enemy,” said Al-Burhan.
Xinhua News Agency correspondents reporting from Khartoum.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.