Connect with us

Media

ဆူဒန်ပြည်သူများ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သည့် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုမျိုးမဆို လက်မခံနိုင်ကြောင်း ဆူဒန်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

ခါတွန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဆူဒန်ပြည်သူများ၏ ဆန္ဒကို မဖြည့်ဆည်းနိုင်သည့် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုမျိုးမဆို လက်ခံနိုင်မည် မဟုတ်ကြောင်း ဆူဒန်နိုင်ငံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဆူဒန်စစ်တပ် (SAF) ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန်(Abdel Fattah Al-Burhan)က ပြောကြားခဲ့သည်ဟု ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
“ပြည်ပကနေ ကျွန်တော်တို့အပေါ်ကို ချမှတ်မယ့် ဘယ်လိုဖြေရှင်းနည်းကိုမဆို လက်ခံမှာမဟုတ်ပါဘူး”ဟု ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန်က Gezira ပြည်နယ် မြို့တော် Wad Madani ၌ မိန့်ခွန်းပြောကြားရာတွင် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………..
(English Version)
Any peace negotiations unable to fulfill Sudanese’s wishes unacceptable: Al-Burhan
Chairman of Sudan’s Transitional Sovereign Council and General Commander of the Sudanese Armed Forces (SAF), Abdel Fattah Al-Burhan, said on Sunday that any peace negotiation unable to fulfill the wishes of the Sudanese people would not be acceptable, the council said in a statement.
“We will not allow any solution to be imposed on us from abroad,” Al-Burhan made the remarks when addressing a military gathering in Wad Madani, capital of the Gezira State.
Xinhua News Agency correspondents reporting from Khartoum.(XHTV)