ဟူပေ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တွင် ဖုန်းချူဟန်ကျန်းမြစ်ကူးတံတားကြီးကို ဇွန်လ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ဟူပေပြည်နယ်အတွင်း COVID-19 ကပ်ရောဂါကြီးကို အောင်မြင်စွာကျော်လွှားခဲ့ပြီးနောက် ပထမဆုံးနှင့်အကြီးဆုံးဖွင့်လှစ်ပေးသည့် တံတားကြီးတစ်စင်းလည်းဖြစ်ခဲ့သည်။ မျှော်စင် ၃ ခုပါဝင်သည့် ကြိုးတံတားကြီးမှာ ၇၅၆ မီတာအရှည်ရှိပြီး...
နာလ်ဆူတန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ ပူးပေါင်းထုတ်လုပ်သည့် အားသွင်းမောင်းနှင်ရသော လျှပ်စစ်ဘတ်စ်ကားအစင်း ၆၀ ကို ကာဇက်စတန်နိုင်ငံ၏ မြို့တော် နာလ်ဆူတန်တွင် စတင် ပြေးဆွဲနေပြီဖြစ်သည်။ ၎င်းဘတ်စ်ကားများသည် ၁၂ မီတာရှည်လျား ပြီး တစ်စင်းလျှင် ခရီးသည်ထိုင်ခုံ ၃၀...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော် ကျင်းပချိန်ကို ရွှေ့ဆိုင်းထားသော်လည်း တရုတ်နိုင်ငံမှ အားကစားအသင်း၏ လေ့ကျင့်မှုများကမူ မည်သည့်အခါမှ ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ အိုလံပစ်အားကစားပွဲတော်တွင် အောင်မြင်မှုများဆွတ်ခူးနိုင်ရန် တရုတ်နိုင်ငံမှ အားကစား ၃၀၀ ကျော်တို့ မည်သို့ အပြင်းအထန်လေ့ကျင့်နေသည်ကို ဤဗီဒီယိုမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။ (Xinhua)
တိဗက်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးငါးကောင်သည် အငြိမ်းစားယူရတော့မည်ဖြစ်သည်။ ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်လေ့ကျင့်သင်ကြားပေးခဲ့သူများနှင့် ခွဲခွာရခြင်းသည် ၎င်းတို့အတွက် အခက်အခဲဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးခွေးလေးငါးကောင် ၏ အငြိမ်းစားယူသည့် ပွဲကို မီးသတ်တပ်ဖွဲ့ဝင်များက ကျင်းပပေးခဲ့သည်။ အဆိုပါခွေးလေးများသည် မြေပြိုခြင်းများ၊ ငလျင်လှုပ်ခြင်းများ အပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းတာဝန်များစွာတွင်...
ဟဲပေ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Huailai နယ်မြေရှိ အမျိုးသားဂေဟစနစ်ဥယျာဉ် Guanting ရေလှောင်ကန်၏ ရင်သပ်ရှုမောဖွယ် သဘာဝအလှမြင်ကွင်းကို ရိုက်ကူးပြသထားခြင်းဖြစ်သည်။ ၁၃၅ စတုရန်းကီလိုမီတာရှိသော စိမ့်မြေဥယျာဉ်တွင် ငှက်မျိုးစိတ်ပေါင်း ၁၉၀ ကျော် ကျင်လည်ကျက်စားလျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့် ယင်းဥယျာဉ်ရှိ တိရစ္ဆာန်များ၏...
ကူမင်း၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် သက်သတ်လွတ်စားသောက်ဆိုင်များ ပိုမိုများပြားလာကြောင်းသိရသည်။ အာဟာရပြည့်စုံကောင်းမွန်သည့် သက်သတ်လွတ်ဟင်းလျာများအနက် လတ်ဆတ်သော မှိုနှင့်သစ်သီဝလံများ ရောစပ်ထားသော ရသာမွန်ဟင်းလျာမှာ လူငယ်များအကြား လူကြိုက်များရေပန်းစားလျက်ရှိသည်။ယခု ဗွီဒီယိုသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ သတ်သတ်လွတ်စားသောက်ဆိုင်တစ်ဆိုင်အား ဆင်ဟွာသတင်းဌာနမှ ရိုက်ကူးထားခြင်းဖြစ်ပါသည်။ (Xinhua)
ကွေ့ကျိုး ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် လုံလီ ခရိုင်၌ မိုးရွာသွန်းပြီးနောက် လှပစွာတည်ရှိနေသည့် လှေကားထစ်တောင်ယာစိုက်ပျိုးရေး မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Beidou တည်နေရာညွှန်ပြစနစ်သုံးဂြိုဟ်တု၏ နောက်ဆုံး ဂြိုဟ်တုတစ်လုံးကို ဇွန် ၂၃ ရက်က လွှတ်တင်ခဲ့ရာ ၎င်းသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင် ကမ္ဘာလုံးဆိုင်ရာမြေပုံညွှန်းစနစ် တီထွင်နိုင်ခဲ့မှု၏ ကျယ်ပြန့်ပြီးမြောက်သော မှတ်တိုင်တစ်ခုဖြစ်လာသည်။ ဂြိုဟ်တုလွှတ်တင်ခြင်းက ကမ္ဘာကြီးအတွက် ပိုမိုကောင်းကျိုးပြုလာနိုင်မှာဖြစ်ကြောင်း တရုတ်နိုင်ငံ...
မက္ကဆီကိုစီးတီး၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်း Oaxaca ပြည်နယ်တွင် ဇွန် ၂၃ ရက်က ပြင်းအား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် တောင်မြေပြိုမှု၊ အဆောက်အဦပြိုလဲပျက်စီးမှုနှင့် အမြင့်မှပြုတ်ကျမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး လူနေအိမ်ခြေ၊ဈေးဆိုင်၊ စာသင်ကျောင်း၊ လေဆိပ်နှင့် ဆေးရုံများတွင်...
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင် ၂၀၁၁ခုနှစ်မှ စ၍ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေသည့် အစိမ်းရောင်စွမ်းအင် ထုတ်လုပ်မှုများဖြင့် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ဘီလီယံ ၈၀ အထိဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရှင်းကျန်း လျှပ်စစ်ဌာနခွဲမှ သိရသည်။ အဓိကအားဖြင့် လေ နှင့်နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန်...