Connect with us

Videos

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ် အပိုင်း (၂) အဖြစ် အချက် ၁၄ ချက်အား သဘောတူ လက်မှတ် ရေးထိုး

နေပြည်တော် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ် အပိုင်း(၂) အဖြစ် အချက် ၁၄ ချက်အား ယနေ့ ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး နောက်ဆုံးနေ့တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယနေ့ သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် သဘောတူညီချက် ၁၄ ချက်တွင် နိုင်ငံရေး ကဏ္ဍတွင် ၄ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက် ၊ လူမှုရေး ကဏ္ဍတွင် ၇ ချက် နှင့် မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၂ ချက် တို့ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးအား ဇူလိုင် ၁၁ ရက်မှ ၁၆ ရက် အထိ ကျင်းပခဲ့ရာတွင် ကဏ္ဍ အလိုက် မူဝါဒ အဆိုပြုချက်များအား အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နိုင်ငံရေး ပါတီတို့မှ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း ၊ ကဏ္ဍ အလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းနောက်တွင် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ကာ UPDJC အစည်း အဝေး၌ အတည်ပြုခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးအား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူညီချက် ၃၇ ချက်အား လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.