Connect with us

Videos

ဘီးများကို ခေါက်သိမ်းနိုင်သည့်နှစ်ယောက်စီးကား

ပေကျင်း၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ကားရပ်နားမည့်နေရာအခက်အခဲရှိသူများအတွက် အထူးသီးသန့်တီထွင်ထားသည့် ဘီးများကို ခေါက်သိမ်း နိုင်သည့်ကားအသေးတစ်မျိုးကို အစ္စရေးကုမ္ပဏီတစ်ခုဖြစ်သည့် city transformer က ထုတ်လုပ်ခဲ့သည်။ ၎င်းမှာ နှစ်ယောက်စီးကားအမျိုးအစားဖြစ်ပြီးကားအတွင်းပိုင်းအကျယ်မှာ ၁.၅ မီတာခန့် နှင့် အရှည်မှာ ၈ပေနီးပါးခန့်ရှိပြီး အမြင့် ၅ပေခန့်ရှိကာ ဘီးများကို အပြင်ဘက်သို့ ၃ ပေအထိ ဆန့်ထုတ်နိုင်သည်။ ကားပါကင် ရပ်နားမည်ဆိုပါက ပုံမှန်ကားတစ်စီးစာကို ထိုကားအမျိုးအစား ၄ စီးစာရပ်နားနိုင်သောကြောင့် လွယ်ကူ အဆင်ပြေစေသည်။ လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး အားသွင်းကာမောင်းနှင်နိုင်မည်ဖြစ်ကာ တစ်ကြိမ် အားသွင်းပါက ၂ဝဝ ကီလိုမီတာအထိ ခရီးပေါက်မည် ဟုလည်းသိရသည်။ ကုမ္ပဏီ၏ အဆိုအရ အဆိုပါကားတစ်စီးလျင် ဒေါ်လာ ၁သောင်းခန့်ဖြင့်ဈေးကွက်အတွင်းရောင်းချမည်ဖြစ်ပြီးမကြာမီ ကြိုတင်အမှာစာများကိုလက်ခံပေးသွားမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.