Videos
အာဂျင်တီးနားတွင် လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းပြပွဲ ပြုလုပ်
ဗျူနိုအေးရိစ်၊ ဇန်နဝါရီလ (၁၅)ရက် (ဆင်ဟွာ)
အာဂျင်တီးနားနိုင်ငံတွင် လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းပြပွဲ ပြုလုပ်ခဲ့ပြီး ဝေဖန်ပြောကြားမှှု အများအပြား နှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ ဗျူနိုအေးရိစ်တွင်ပြုလုပ်ခဲ့သော အဆိုပါ ပြပွဲအား လာရောက်ကြည့်ရှှုသူပေါင်း ထောင်နှင့်ချီ ရှိခဲ့သည်။ ထိုပြပွဲတွင် သေဆုံးသူ (၆) ဦး၏ ရုပ်ကြွင်းနှင့်အတူ ကိုယ်အင်္ဂါအစိတ်အပိုင်းပေါင်း (၂ဝဝ) ကျော်တို့အား ပြသထားသည်။
လူ့ကိုယ်ခန္ဓာအစိတ်အပိုင်းပြပွဲများအား အီတလီနှင့် ပြင်သစ်အပါအဝင် ကမ္ဘာအနှံ့ လှည့်လည်ပြသခဲ့ရာသေဆုံးပြီးသူများအပေါ် ထောက်ထားမှုမရှိကြောင်း၊ ထိုသို့မပြုလုပ်သင့်ကြောင်း ဝေဖန်မှုများစွာနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ အချို့မှလည်း ထိုသို့ပြသခြင်းသည် သိပ္ပံ ပညာအတွက ်များစွာ အထောက်အကူရသဖြင့် ကောင်းမွန်သည်ဟု မှတ်ချက်ပြုသည်။ (Xinhua)