Connect with us

Videos

ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်းတွင် ဝန်ထမ်းများလိုအပ်

ရှန်ဟိုင်း၊ ဇန်နဝါရီလ ၁၅ ရက် (ဆင်ဟွာ)

ဇွန်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်သွားမည့် ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း (Disney Resort) တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဝန်ထမ်းပေါင်း (၈)ထောင်ခန့် လိုအပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဝန်ထမ်းပေါင်း (၈)ထောင်အတွက်လိုအပ်မည့် ပစ္စည်းများအသုံးအဆောင်များ အားစီစဉ်ထားပြီး ဖြစ်သကဲ့သို့ သင်တန်းများလည်းပေးသွားရန်စီစဉ်ထားကြောင်း Diseny မှ အထွေထွေ မန်နေဂျာမှ ပြောကြားခဲ့သည်။ လာရောက်လည်ပတ်မည့်သူများအတွက် အကောင်းမွန်ဆုံးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဝန်ထမ်းများအားလည်း လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Wishing Star Park အပါအဝင် အခြားအပန်းဖြေ နေရာပေါင်းများစွာအား ထည့်သွင်းတည်ဆောက်ထားသည့် ရှန်ဟိုင်း Disney ဥယျာဉ်တွင် ရင်းနှီးမြှုပ်နှံ မှုမှာတရုတ်ယွမ် ၃၄ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၅ဘီလီယံ) ရှိကြောင်းသိရသည်။ Shanghai Diseny land သို့ နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း (၅) သန်းခန့် လာရောက်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.