Connect with us

Europe

ကပ်ရောဂါ လျော့ပါးသွားသဖြင့် အစ္စရေးတွင် နိုင်ငံကို သတိဖြင့် ပြန်လည်ဖွင့်လှစ်

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မကြာသေးမီက အစ္စရေးတွင် ကိုဗစ်ကပ်ရောဂါသည် တဖြည်းဖြည်းသက်သာလာရာ တစ်ရက်တည်းတွင် ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် သြဂုတ်လကုန်၊စက်တင်ဘာလအစတွင် ၁၀,၀၀၀ ခန့်မှ ယခုအခါ ရာကျော်အထိကျဆင်းခဲ့ကြောင်း သိရသည်။ အစ္စရေးအစိုးရသည် နိုဝင်ဘာ ၁ ရက်မှ စတင်၍ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ကို စည်းကမ်းတကျ ခွင့်ပြုထားပြီး ပြည်သူများ၏ နေ့စဉ်ဘဝနှင့် သက်ဆိုင်သည့် ကူးစက်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်များကို ထပ်မံ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် Bennett နှင့် ကျန်းမာရေးဝန်ကြီး Horowitz တို့သည် ကပ်ရောဂါအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း ယင်းအစီအမံများကို လွှတ်တော်က အတည်ပြုပြီးနောက် နိုဝင်ဘာ ၁၁ ရက်တွင် စတင်အသက်ဝင် လုပ်ဆောင်မည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူများ၏ ပြင်ပလှုပ်ရှားမှုများအပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်မည်ဖြစ်ပြီး အိမ်တွင်းလှုပ်ရှားမှုများတွင် ကန့်သတ်ထားသည့် လူဦးရေ ၄၀၀ မှ ၆၀၀ အထိ တိုးလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အစိုးရသည် မကြာမီကာလအတွင်း ကျောင်းများတွင် ကူးစက်ရောဂါ ကန့်သတ်ချက်များကို ဖြေလျှော့ပေးမည့် အစီအစဉ်ကို ထုတ်ပြန်မည်ဖြစ်သည်။

ပြင်ပတွင် ကျင်းပသည့် ယဉ်ကျေးမှု၊ အားကစားနှင့် ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် လူဦးရေ ၁,၀၀၀ အထိပါဝင်နိုင်ပြီး ပါဝင်သူများသည် အစိမ်းရောင်ကုဒ်ကို ကိုင်ဆောင်ရန် မလိုအပ်ကြောင်း၊လူ ၁၀၀ အောက် စုဝေးသော အိမ်တွင်းလှုပ်ရှားမှုများအတွက် လည်း အစိမ်းရောင်ကုဒ်ကို ပြရန်မလို
ကြောင်းဖော်ပြထားသည်။ အစိမ်းရောင်ကုဒ်သည် ကာကွယ်ဆေးထိုးပြီးသူများနှင့် ကိုဗစ် ပြန်လည်ကောင်းမွန်လာသူများအား အစ္စရေးမှထုတ်ပေးသည့် pass code ဖြစ်သည်။

Bennett က ကန့်သတ်ချက်များ ဖြေလျှော့ရခြင်းမှာ ကိုဗစ်ကူးစက်မှု အရေအတွက်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။နိုဝင်ဘာ ၉ ရက်တွင် အစ္စရေးတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ၅၆၃ ဦး ရှိကြောင်း၊သို့သော် ပြည်ပတွင် အထူးသဖြင့် ဥရောပတွင် ကပ်ရောဂါ တစ်ကျော့ပြန် ရင်ဆိုင်နေရသောကြောင့် အစ္စရေးအနေဖြင့် ကပ်ရောဂါ ကို ဆက်လက်သတိထားနေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက်၊ အစ္စရေးအစိုးရသည် ၂၀၂၀ ခုနှစ်မတ်လမှစတင်၍ နိုင်ငံခြားခရီးသွားများ ဝင်ထွက်ရာ နယ်စပ်ဂိတ် များကိုပိတ်ခဲ့ပြီး တိကျသောအထောက်အထားရှိသည့်နိုင်ငံခြားသားအနည်းငယ်ကိုသာ အစိုးရမှ ဝင်ရောက်ခွင့်ပြုထားသည်။

ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် အစ္စရေး ကပ်ရောဂါသည် ၂၀၂၁ ခုနှစ် ဇွန်လလယ် နောက်ပိုင်းတွင် ပြန်လည် အားကောင်းလာပြီး ထပ်တိုးအတည်ပြုလူနာ အရေအတွက် ထပ်မံ မြင့်တက်လာခဲ့သည်။ သြဂုတ်လကုန်တွင် တစ်ရက်တည်း ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော် ရှိခဲ့သည်။ အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၏အချက်အလက်များအရ၊ နိုင်ငံတွင်း၌ကိုဗစ်ထပ်တိုးအတည်ပြုလူနာဦးရေနှင့်ရောဂါပြင်းထန်သူအရေအတွက်သည်မကြာသေးမီရက်များအတွင်းဆက်လက်ကျဆင်းခဲ့သည်။ထို့ကြောင့် အစ္စရေးအစိုးရသည် ယခုလအစောပိုင်းတွင် ၎င်း၏နယ်စပ်ဂိတ် များကို သတိကြီးကြီးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားခရီးသွားများကို အခြေအနေအရ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားသော ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသော နိုင်ငံခြားခရီးသွားများ(ကာကွယ်ဆေးထိုးနှံရန်အချိန်သည် ၁၄ ရက်ထက် မနည်း၊ ရက်ပေါင်း၁၈၀ ထက်မကျော်လွန်ရ) သို့မဟုတ် ရောဂါ
မှ ပြန်လည်ကောင်းမွန်လာသူများသည် အစ္စရေးသို့ ဝင်ရောက်နိုင်ကြောင်း၊
ထို့အပြင် နိုင်ငံတွင်းသို့ မဝင်ရောက်မီ ၁၄ ရက်အတွင်း ကိုဗစ် ကူးစက်မှုနှုန်း မြင့်မားသော နိုင်ငံများသို့ ခရီးသွားမှတ်တမ်း မရှိရကြောင်း၊ ခရီးသွားများသည် လေယာဉ်မထွက်ခွာမီ ၇၂ နာရီအတွင်း ကိုဗစ်စမ်းသပ်ချက်ကိုတင်ပြရန်၊ Ben-Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်နိုင်ငံသို့ဝင်ရောက်ပြီးရောက်ရှိချိန်တွင် ကိုဗစ်စစ်ဆေးစမ်းသပ်မှုကိုထပ်မံလုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ နိုင်ငံခြားခရီးသွားအဖွဲ့များသည် အစ္စရေးနိုင်ငံအတွင်း ခရီးသွားလာစဉ် အန္တရာယ်နည်းပါးသောနေရာများသို့သာ သွားရောက်နိုင်မည်ဖြစ်ပြီး ပြင်ပနှင့် ထိတွေ့မှုနည်းပါးစေရန်အတွက် “ကွာရင်တင်းအခန်းများ” ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် ခရီးသွားအဖွဲ့သည် နေ့စဉ်ခရီးစဉ်၊ သွားရောက်ခဲ့သည့်နေရာများနှင့် ထိတွေ့ဆက်ဆံသူများစသည့် အချက်အလက်များကို တာဝန်ရှိပုဂ္ဂိုလ်က မှတ်တမ်းတင်ပြီး ခရီးသွားတစ်ဦးတွင် ရောဂါတွေ့ရှိလျှင် ထိုမှတ်တမ်းတင်သူက အပြောင်းအရွှေ့အေဂျင်စီထံသို့ သတင်းပို့ရမည်ဖြစ်သည်။

နိုဝင်ဘာ ၉ ရက်အထိ အစ္စရေးတွင် ကိုဗစ်ကူးစက်မှု ၁.၃၄ သန်းခန့်ရှိပြီး စုစုပေါင်းသေဆုံးသူ ၈,၁၃၀ ဦးရှိကြောင်း အတည်ပြုခဲ့သည်။ အစ္စရေးနိုင်ငံတွင် ယခင်နှစ် ဒီဇင်ဘာလတွင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ နိုင်ငံ၏ စုစုပေါင်းလူဦးရေ ၉ ဒသမ ၃ သန်းအနက် လူပေါင်း ၆ ဒသမ ၂၅ သန်းခန့်ကို ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံခဲ့ရာ ၅ ဒသမ ၇၅ သန်းခန့်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၊လူဦးရေ ၄ သန်းခန့်မှာ အားဖြည့်ကာကွယ်ဆေး ထိုးနှံထားကြောင်း သိရသည်။(Xinhua)

——————————————-
(Chinese Version)
新冠疫情缓和 以色列谨慎“开放”

新华社耶路撒冷11月10日电(记者吕迎旭 尚昊)近来,以色列新冠疫情逐渐缓和,单日新增确诊病例从8月底9月初的1万例左右降至目前的数百例。以色列政府已从本月1日起有条件允许外国游客入境,9日又宣布将进一步放宽与民众生活相关的一系列防疫限制措施。

2021年8月22日,在以色列里雄莱锡安,一名儿童接受新冠血清抗体检测。以色列当日开始为3岁至12岁儿童做新冠血清抗体检测。(新华社发)

以色列总理办公室9日在一份声明中说,以总理贝内特和卫生部长霍罗威茨就放宽新冠疫情限制措施达成一致。这些措施经议会批准后,预计将于本月11日生效。

声明说,民众在室外活动的绝大部分限制措施将被取消,参加室内活动的人数上限由400人上调至600人。另外,政府还将于近日出台计划,放宽学校的疫情限制措施。

声明说,对于室外举行的文化、体育和宗教活动,规模在1000人以内的,不再要求参加者必须持有绿码。室内活动在100人以内的也无需出示绿码。绿码是以色列给完成疫苗接种者和新冠康复者发放的通行码。

贝内特在声明中说,放宽限制措施是因为“我们成功地将新冠感染数字降到了较低水平”。9日,以色列报告新增确诊病例563例。但他表示,以色列会继续保持警惕,因为境外、特别是欧洲正面临新一轮疫情。

新冠疫情暴发后,以色列政府自2020年3月起对外国游客关闭边界,仅允许少数特定身份并获得政府批准的外国公民入境。

由于变异新冠病毒德尔塔毒株蔓延,今年6月中旬后以色列疫情反弹,新增确诊病例再次攀升,8月底单日新增病例曾超过1万例。以色列卫生部数据显示,该国近来日均新增新冠确诊病例、重症病例均持续下降。因此,以色列政府本月初开始谨慎开放国门,有条件允许外国游客入境。

具体而言,已接种世界卫生组织批准的新冠疫苗或虽然感染过新冠病毒但已康复的外国游客可以入境以色列。入境游客完成疫苗接种的时间不可少于14天并不得超过180天。此外,游客在入境前14天内不能有新冠疫情高感染率国家的旅行史。游客在登机前需出示航班出发时间前72小时以内的核酸阴性检测报告,经由本-古里安国际机场入境,并在抵达后再次接受核酸检测。

另据以色列媒体报道,外国旅行团体在以色列旅行期间,将只能参观疫情“低风险地区”,并且要以一个个“隔离舱”形式进行,尽量减少与外界接触。此外,旅行团还将指定专人负责记录每天的行程、所到之处以及所接触的人等详细信息。一旦发现有游客确诊,此人将负责向流调机构报告。

截至11月9日,以色列累计确诊新冠病例约134万例,累计死亡8130例。以色列去年12月开始新冠疫苗接种工作,迄今该国930万人口中约625万人已接种一剂疫苗,约575万人完成两剂疫苗接种,约400万人接种了疫苗加强针。