Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း သန်း ၃၀၀ ကျော်ရှိလာ ၊ အိုမီခရွန်သည် ကူးစက်ပျံ့နှံမှုကို အရှိန်မြှင့်တက်စေ

ဂျနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်သော အချက်အလက်များအရ ကမ္ဘာပေါ်တွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း သန်း ၃၀၀ ကျော်ရှိလာပြီး သေဆုံးသူစုစုပေါင်း ၅ ဒသမ ၄၉ သန်းနီးပါးအထိ ရှိလာကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံမှုကြောင့် အမေရိကန်၊ ဥရောပနှင့် အခြားနေရာများတွင် ထပ်တိုးကိုဗစ်ကူးစက်ခံရသူ အဆမတန််တိုးလာခဲ့ကြောင်း နှင့် ရောဂါပိုး လျင်မြန်စွာပြန့်ပွားခြင်းသည် နိုင်ငံများစွာ၏ ကျန်းမာရေးစနစ် ဝန်ဖိအား မနိုင်မနင်းဖြစ်နေကြောင်း WHO က သတိပေးထားသည်။
နိုင်ငံအများအပြားတွင် ကပ်ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာ
WHO ၏အချက်အလက်များအရ ဇန်နဝါရီ ၁၀ ရက် ဗဟိုဥရောပစံတော်ချိန် ၁၇:၃၁ နာရီ (ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၁ ရက် ၀၀:၃၁ နာရီ) အထိ ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း ၃၀၅,၉၁၄,၆၀၁ သို့ရောက်ရှိပြီး သေဆုံးသူစုစုပေါင်း ၅,၄၈၆,၃၀၄ ရှိကြောင်း သိရသည်။

WHO ၏အပတ်စဉ်ကမ္ဘာလုံးဆိုင်ရာကိုဗစ်ကပ်ရောဂါအစီရင်ခံစာအရ ဇန်နဝါရီ ၂ ရက်အထိ တစ်ပတ်အတွင်း ကမ္ဘာပေါ်တွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၉ ဒသမ ၅ သန်းခန့်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၇၁ ရာခိုင်နှုန်း အထိတိုးလာခဲ့သည်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ကူးစက်မှု၊ ကိုယ်တိုင်စစ်ဆေးရာတွင် ရောဂါတွေ့ရှိမှု၊ စမ်းသပ်စောင့်ကြည့်စနစ် ဝန်အားလေးလံမှုစသည်တို့ကြောင့် ရောဂါကူးစက်မှုစာရင်းပြုစုခြင်း ကျန်ရစ်မှုများရှိရာ လက်ရှိအချက်အလက်များသည် အမှန်တကယ်ရောဂါဖြစ်ပွားမှုထက် လျှော့နည်းကြောင်း ပြောကြားခဲ့ပါသည်။

ဇန်နဝါရီ ၂ ရက် အထိ ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်နှင့် အီတလီတို့ ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ထုတ်ပြန်သောနောက်ဆုံးအချက်အလက်များအရ ဇန်နဝါရီ ၁၀ ရက်တွင် အမေရိကန်၌ ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁ ဒသမ ၅ သန်းနီးပါးရှိခဲ့ပြီး ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ အမြင့်ဆုံးစံချိန်သို့ရောက်ရှိခဲ့သည်။အတည်ပြုလူနာနှင့် ဆေးရုံတင်ကုသရသောလူနာ အလွန်များပြားလာမှုကြောင့် အမေရိကန် ကျန်းမာရေးစနစ်တွင် ဝန်ထမ်းအင်အား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ဝန်ထမ်းအင်အားနည်းသော ပြည်နယ်များ၏ဆေးရုံများကို ကူညီရန်အတွက် အမျိုးသားအစောင့်တပ်သားများ ဖြန့်ကျက်ချထားကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

ဗြိတိန်အမျိုးသားစာရင်းအင်းရုံးမှထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၁ ခုနှစ်၏ နောက်ဆုံးသီတင်းပတ်တွင် ဗြိတိန်၌ လူပေါင်း ၃ ဒသမ ၇ သန်းကျော် ကိုဗစ်ကူးစက်ခံရပြီး စံချိန်သစ်တင်ခဲ့ကြောင်း၊ နိုင်ငံ၏ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုစနစ်သည်လက်ရှိတွင် “ကပ်ရောဂါအတွက် တိုက်ပွဲဝင်ကာလ” တွင်ရှိပြီး “Nightingale” ယာယီဆေးရုံကိုပြန်လည်ဖွင့်လှစ်ထားကြောင်း ဗြိတိန် National Health Service (NHS) မှပြီးခဲ့သည့်ရက်ကထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကျန်းမာရေးဝန်ထမ်း ရှားပါးမှုကြောင့် ဒါဇင်ပေါင်းများစွာသော ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်းများသည် “အကျပ်အတည်းဖြစ်ရပ်များ” ကိုကြေညာထားကြောင်း သိရသည်။

မကြာသေးမီက ပြင်သစ်တွင် တစ်ရက်အတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနမှ ဇန်နဝါရီ ၁၀ ရက် တွင်ထုတ်ပြန်သောအချက်အလက်များအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၉၃,၈၉၆ ရှိကြောင်း၊ FRANCE 24 ရုပ်မြင်သံကြားဌာနမှ ဇန်နဝါရီ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ ၇ ရက်ပျမ်းမျှ ထပ်တိုးအတည်ပြုလူနာ ၂၆၉,၆၁၄ အထိရောက်ရှိခဲ့သည်။ ပြင်သစ်အမျိုးသားလွှတ်တော်၊ အောက်လွှတ်တော်သည် ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ထပ်မံတင်းကျပ်ရန် “ကာကွယ်ဆေးပတ်စပို့များအသုံးပြုခြင်း” ပါဝင်သော ဥပဒေမူကြမ်းတစ်ရပ်ကို ဇန်နဝါရီ ၆ ရက်က မဲခွဲအတည်ပြုခဲ့သည်။

အိုမီခရွန်ဗိုင်းရပ်စ်သည် ရောဂါကူးစက်မှုကို အရှိန်မြှင့်စေ
ကမ္ဘာတစ်ဝှမ်းတွင် အိုမီခရွန်ဗိုင်းရပ်စ် လျင်မြန်စွာကူးစက်ပျံ့နှံမှုသည် လက်ရှိကပ်ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ နှစ်သစ်ကူး အားလပ်ရက်အတွင်း လူတို့၏ လူမှုရေး လှုပ်ရှားမှုများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံများကို မလိုက်နာခြင်း၊ ဆောင်းရာသီတွင် အိမ်တွင်းလှုပ်ရှားမှုများ တိုးပွားလာခြင်းတို့သည် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကို ပိုမိုမြန်ဆန်စေသည်။

ပြင်သစ်နိုင်ငံ Institut Pasteu မှ ကူးစက်ရောဂါဗေဒပညာရှင်နှင့် ကိုဗစ်ကပ်ရောဂါ သိပ္ပံနည်းကျကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ Arnaud Fontane က ပြင်သစ်တွင် အိုမီခရွန်ပိုး လျင်မြန်စွာပြန့်ပွားနေပြီး ဤရောဂါပိုးကြောင့် ရောဂါရှာဖွေတွေ့ရှိမှုသည် ဇန်နဝါရီ လလယ်ပိုင်းတွင် အမြင့်ဆုံးဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။

အိုမီခရွန် ရောဂါပိုး လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုကြောင့် ဗြိတိန်ဒေသအသီးသီး၌ ကိုဗစ်ကြောင့် ဆေးရုံတင်ကုသရသော လူနာများ ဆက်လက်မြင့်တက်လျက်ရှိရာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၈ ရက်တွင် ဗြိတိန်၌ မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ခြင်းပါဝင်သော”ကိုဗစ်ကူးစက်ပြန့်ပွားမှုကို တုံ့ပြန်ခြင်း- ဆောင်းဦးနှင့် ဆောင်းရာသီ အစီအစဉ်” Plan B ကို စတင်ခဲ့ကြောင်း၊ ကိုဗစ်သတိပေးချက်အဆင့် ၃ မှ အဆင့် ၄ သို့ မြှင့်တင်ခဲ့ပြီး အိုမီခရွန် အမျိုးသားရေးအရေးပေါ် အားဖြည့်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ စတင်ခဲ့သည်။

အိန္ဒိယတွင် အိုမီခရွန်ပိုးကူးစက်ခံရသူအရေအတွက် လျင်မြန်စွာတိုးလာသောကြောင့် ကပ်ရောဂါ တတိယလှိုင်းသို့ဝင်ရောက်လာကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို အထူးဂရုပြုရန် လိုအပ်ကြောင်း အိန္ဒိယအမျိုးသားကကွယ်ဆေးထိုး နည်းပညာ အကြံပေးအဖွဲ့ ကာကွယ်ဆေးစီမံကိန်း၏အကြီးအကဲ Arora က ဇန်နဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံအသီးသီးတွင် ရောဂါဖြစ်ပွားမှု အရေအတွက် မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် WHO ကျန်းမာရေး အရေးပေါ်စီမံချက်၏ နည်းပညာဆိုင်ရာ ဒါရိုက်တာ Maria van Kerckhofer က အိုမီခရွန်၏ ဗီဇပြောင်းလဲမှုသည် ဗိုင်းရပ်စ်များကို လူ၏ဆဲလ်များတွင် တွယ်ကပ်ရန် ပိုမိုလွယ်ကူစေကြောင်း၊ ၎င်းဗိုင်းရပ်စ်၏ ဒုတိယအကြိမ် ကူးစက်နိုင်သည့်အန္တရာယ်နှင့် ကိုယ်ခံစွမ်းအားကို ရှောင်ကွင်းနိုင်စွမ်း ပိုမိုလွယ်ကူကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားခဲ့သည်။ ဒယ်လ်တာဗိုင်းရပ်စ်နှင့် အခြားမျိုးကွဲဗိုင်းရပ်စ်များသည် အများအားဖြင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်းနှင့် အဆုတ်တွင်သာ ဗိုင်းရပ်စ်ပုံတူပွားနိုင်ပြီး အိုမီခရွန်ပိုးသည် အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းအထက်ပိုင်းတွင် ဗိုင်းရပ်စ်ပုံတူပွားသဖြင့် ကူးစက်ရန် ပိုမိုလွယ်ကူကြောင်း သိရသည်။

ကပ်ရောဂါဆက်လက်ဖြစ်ပွားမှုကြောင့် မျိုးကွဲဗိုင်းရပ်စ်များ ထပ်မံထွက်ပေါ်နိုင်ကြောင်း၊ ပြင်သစ်သုတေသီများသည် မကြာသေးမီက ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော Marseille တွင် မျိုးကွဲကိုရိုနာဗိုင်းရပ်စ် B.1.640 ကူးစက်ခံရသူ ၁၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊ လုပ်ငန်းကဏ္ဍတူပုဂ္ဂိုလ်များ၏ သုံးသပ်မှုမပြုလုပ်ရသေးသည့် လေ့လာမှုတစ်ခုအရ အဆိုပါမျိုးကွဲသည် ဗီဇပြောင်းမှု ၄၆ ခုကို သယ်ဆောင်ထားသော ဗိုင်းရပ်စ်ဖြစ်ပြီး အိုမီခရွန်ထက်ပိုများကြောင်းဖော်ပြထားသည်။ အဆိုပါဗိုင်းရပ်စ်ကို WHO က “စောင့်ကြည့်မှုအောက်ရှိ မျိုးကွဲဗိုင်းရပ်စ်” အဖြစ် သတ်မှတ်ခဲ့သည်။

အိုမီခရွန်သည် နောက်ဆုံးမျိုးကွဲဗိုင်းရပ်စ်ဖြစ်ရန် မဖြစ်နိုင်ကြောင်း Van Kerckhofer က ပြောကြားခဲ့သည်။ အိုမီခရွန်သည် ရောဂါပြင်းထန်မှုနည်းကြောင်း သက်သေအထောက်အထားများ ရှိသော်လည်း ၎င်းကိုဂရုစိုက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးကာလတွင်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွါနေထိုင်ရန်၊ နှာခေါင်းစည်းများ တပ်ဆင်ရန်၊ လေဝင်လေထွက်ကောင်းစေရန်စသည်တို့ကို ဆက်လက်လုပ်ဆောင်ရန် လူထုကိုတိုက်တွန်းထားသည်။(Xinhua)

…………………………………………
(Chinese Version)
(国际疫情)综述:全球累计新冠确诊病例超3亿例 奥密克戎毒株加速传播
2022-01-11 23:29:10 分类: 科学技术
新华社日内瓦1月11日电综述:全球累计新冠确诊病例超3亿例 奥密克戎毒株加速传播
新华社记者
世界卫生组织10日公布的数据显示,全球累计新冠确诊病例数已超3亿例,累计死亡病例数近549万例。由于新冠变异病毒奥密克戎毒株加速在全球传播,美国、欧洲等地新增病例数快速增加。世卫组织警告说,迅速增长的病例可能让许多国家的卫生系统难以承受。
(小标题)多国疫情反弹明显
世卫组织的数据显示,截至欧洲中部时间10日17时31分(北京时间11日0时31分),全球新冠确诊病例数累计达到305914601例,累计死亡5486304例。
世卫组织全球新冠疫情周报显示,截至2日的一周,全球新增确诊病例约950万例,与前一周相比急剧增加了71%。世卫组织总干事谭德塞说,这些数据仍然低估了实际病例数,因为并未反映新年假期前后积压的检测数据,包括自我检测呈阳性的病例数,以及负担沉重的监测系统在世界各地漏掉的病例数。
截至2日的一周内,报告新增病例数居前几位的国家有美国、英国、法国、西班牙和意大利。
据美国约翰斯•霍普金斯大学发布的最新统计数据,美国10日新增新冠确诊病例近150万例,再创疫情暴发以来新高。由于确诊、住院病例数激增,美医疗系统正面临人员短缺困境。据美国有线电视新闻网报道,已有至少10个州调配国民警卫队成员,支援人手紧缺的医院。
英国国家统计办公室公布的数据显示,2021年最后一周,英国超过370万人感染新冠病毒,再创新高。英国国民保健制度日前发表声明说,该国公共医疗服务系统目前处于“战时状态”,并重新启用“南丁格尔”临时医院。目前,至少超过10家公共医疗服务机构因人员短缺宣布“危机事件”。
法国近期单日新增确诊病例数也屡创新高。法国公共卫生部门10日发布的数据显示,该国过去24小时新增确诊病例93896例。据法兰西24电视台10日报道,该国7日平均新增病例数已达269614例。法国国民议会、即议会下院6日表决通过一项法案,内容包括启用“疫苗通行证”等,旨在进一步收紧新冠防疫措施。
(小标题)奥密克戎毒株加速传播
奥密克戎毒株在全球加速蔓延是本轮疫情恶化的主要原因。新年假期中,人们社交活动频繁,不遵守公共卫生和防疫措施,冬季室内活动增加等因素都导致病毒传播加速。
法国巴斯德研究所流行病学专家、新冠疫情科学委员会成员阿诺•丰塔内10日接受媒体采访时说,奥密克戎毒株在法国快速传播,因该毒株导致的新增确诊病例“将在1月中旬达到峰值”,预计在2月份开始下降。
奥密克戎毒株快速传播下,英国各地的新冠入院治疗病例数持续攀升。去年12月8日,英国启动包括强制戴口罩等措施在内的《应对新冠疫情:秋冬计划》B计划,随后又将新冠疫情警报级别由3级升至4级,并启动“奥密克戎紧急加强针国家任务”。
印度国家免疫技术咨询小组疫苗项目负责人阿罗拉5日说,需要密切关注奥密克戎毒株的传播,因为印度各地感染奥密克戎毒株的病例正迅速增加,印度已进入第三波疫情。
针对各国病例数激增,世卫组织卫生紧急项目技术负责人玛丽亚•范凯尔克霍弗8日说,奥密克戎毒株的变异使其更容易粘附于人体细胞,该毒株还显示出免疫逃逸特征,导致人们重复感染。与德尔塔毒株和其他变异毒株的复制多发生于下呼吸道和肺部不同,奥密克戎毒株主要在上呼吸道复制,使其更易于传播。
随着疫情持续,新的变异毒株可能还会出现。法国研究人员近期在法国南部港口城市马赛发现12人感染变异新冠病毒B.1.640。一项尚未经过同行评议的研究显示,这种毒株携带46种突变,比奥密克戎毒株的突变还多。该毒株已被世卫组织定为“正在监控的变异毒株”。
范凯尔克霍弗说,奥密克戎毒株不太可能是最后一个变异毒株。尽管有证据显示,奥密克戎毒株导致的重症较少,但并不意味着它很温和。她呼吁公众在接种疫苗的同时,继续遵守保持社交隔离、戴口罩、改善通风等措施。(参与记者:刘曲、陈晨、郭爽、赵旭)(完)
2022年1月10日,医护人员在美国洛杉矶县一处新设立的免下车新冠病毒检测中心工作。(新华社发)