Connect with us

China

ကမ္ဘာ့ပထမဆုံး သဲကန္တရပတ် ရထားသံလမ်းခင်း ချိတ်ဆက်မှု ပြီးစီး

သဲကန္တရကို ဖြတ်သန်းသွားသည့် ဟဲရော့ရထားလမ်းခင်းကျင်းထားသည်ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲထျန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Taklamakanသဲကန္တရကို ပတ်၍ ခင်းကျင်းထားသည့် ရထားလမ်း နောက်ဆုံး ၁ ကီလိုမီတာ၏ ဟဲရော့ ရထားလမ်းအပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် စက်တင်ဘာ ၂၇ ရက်တွင် နောက်ဆုံးရထားသံလမ်းအပိုင်းနှစ်ခု ခင်းကျင်းတပ်ဆင်ခြင်းနှင့်အတူ ပြီးဆုံးသွားပြီဖြစ်ရာ ၂၀၂၂ ခုနှစ် ရထားလမ်းလည်ပတ်သွားလာနိုင်ရန်အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ် ချနိုင်ခဲ့သည်။

China Railway 14th Bureau Group Co.,Ltdမှ အလုပ်သမားဝန်ထမ်းများ ရထားသံလမ်းဆက်နေသည်ကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

လုပ်ငန်းခွင်တွင် အလုပ်စတင်တော့မည် အလုပ်သမားများအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အလုပ်သမားဝန်ထမ်းများ ရထားသံလမ်းဆက်နေသည်ကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

သဲကန္တရကို ဖြတ်သန်းသွားသည့် ဟဲရော့ရထားလမ်းခင်းကျင်းထားသည်ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟဲရော့ရထားလမ်းသည် တရုတ်နိုင်ငံ၏ အဓိကရထားလမ်းတည်ဆောက်ရေးစီမံကိန်း ဖြစ်ပြီး ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်ကျန်း၊ ဟဲထျန်ဒေသ ဟဲထျန်မြို့နှင့် ပါရင်းကော်လျင်(မွန်ဂို)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရော့ချန်းခရိုင် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ရထားလမ်း စုစုပေါင်း အရှည် ၈၂၅.၄၇၆ ကီလိုမီတာ ရှိသည့် အဆိုပါရထားလမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင် ဖောက်လုပ်တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်လည်ပတ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(新华全媒+)铺轨完成!世界首条环沙漠铁路线正式“闭环”
2021-09-27 19:03:21
新华社照片,和田(新疆),2021年9月27日
铺轨完成!世界首条环沙漠铁路线正式“闭环”
当日,随着最后两条钢轨在道床上铺设完成,作为环塔克拉玛干沙漠铁路“最后一公里”的和若铁路全线铺轨贯通,为2022年开通运营奠定坚实基础。
和若铁路为国家重点铁路建设项目,线路全长825.476公里,2018年12月开工建设,连通南疆和田地区和田市与巴音郭楞蒙古自治州若羌县,预计2022年6月开通运行。

图说1:穿沙而行的和若铁路正式铺通(9月27日摄,无人机照片)。新华社记者 顾煜 摄
图说2:9月27日上午,中铁十四局工人正准备将钢轨合龙。新华社记者 顾煜 摄
图说3: 9月27日上午,工人即将开始施工。新华社记者 顾煜 摄
图说4:9月27日,施工人员在将钢轨合龙。新华社发(穆志鹏摄)
图说5:穿沙而行的和若铁路正式铺通(9月27日摄,无人机照片)。新华社记者 顾煜 摄