Connect with us

Asia

ဂျပန်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအခြေအနေ ဆိုးဝါးလာခြင်းကြောင့် နေရာဒေသ(၈)ခုအား အရေးပေါ်အခြေအနေ ထပ်တိုး

တိုကျို၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ယခုကာလများအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေ ပို၍ ဆိုးဝါးလာခြင်းကြောင့် ဩဂုတ် ၂၇ ရက်မှစပြီး အရေးပေါ်အခြေအနေသတ်မှတ်မှုကို ဟော့ကိုင်းဒိုးကျွန်း၊ မီရာဂျီစီရင်စုစသည့် နေရာဒေသ (၈)ခုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက ဩဂုတ် ၂၅ ရက် ကိုဗစ်ကပ်ရောဂါတုန့်ပြန်ရေးဌာနချုပ် အစည်းအဝေးတွင် ကြေညာခဲ့သည်။ ထိုသို့ဆောင်ရွက်သည့်အခါ ဂျပန်တစ်နိုင်ငံလုံးရှိမြို့ခရိုင်စီရင်စုဒေသ(၄၇)ခုအနက် (၂၁)ခုတွင် အရေးပေါ်အခြေအနေရှိမည်ဖြစ်ကြောင်း သိရသည်။အရေးပေါ်အခြေအနေအဖြစ် ထပ်တိုးသည့် နေရာဒေသ (၈)ခုမှာ ဟော့ကိုင်းဒိုး ၊မီရာဂျီ ၊ဂျီဖူ ၊အိုင်းဂျီ ၊မီအေ့ ၊ရှီဂါ ၊အိုကာရာမာ ၊ဟီရိုရှီးမား စီရင်စုများ ဖြစ်ကြောင်း ဂျပန်အစိုးရ၏ သတင်းများအရ သိရသည်။ အရေးပေါ်အခြေအနေထက် လျော့နည်းမှုရှိသော ရောဂါပြန့်ပွားမှုကာကွယ်တားဆီးရေး နည်းလမ်းများအဓိကထားရှိသော နေရာများအဖြစ် ခိုဂျီ ၊ဆာဂါ ၊နာဂါဆာကီ ၊မီရာဇာကီစီရင်စုများ ထပ်တိုးလိုက်ရာ စုစုပေါင်း (၁၂) နေရာ ရှိလာသည်။အဆိုပါ ကပ်ရောဂါကာကွယ်ရေးအခြေအနေနှစ်မျိုးဆောင်ရွက်နေမှုကို ယခုလ ၂၇ ရက်မှ စက်တင်ဘာ ၁၂ ရက် အထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာသည် ကူးစက်နိုင်စွမ်းအလွန်မြင့်မားရာ အစိုးရအနေဖြင့် ကျန်းမာရေးကုသမှုစနစ်လည်ပတ်ခြင်း၊ ကူးစက်မှုကြိုတင်ကာကွယ်ရေး နည်းလမ်းဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း ကဏ္ဍ(၃)ခုဖြင့် ရင်ဆိုင်ဖြေရှင်းလျက်ရှိကြောင်း ယိုရှီဟီဒဲဆူဂါက ဩဂုတ်၂၅ ရက် ကိုဗစ်ကပ်ရောဂါတုန့်ပြန်ရေးဌာနချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိ ဂျပန်တွင် ဒေသအားလုံး၌ ယခင်ကမကြုံခဲ့ရဖူးသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိလာကြောင်း ၊ အစိုးရနှင့် ကပ်ရောဂါကာကွယ်ရေးပညာရှင်များက အခြေအနေအလွန်ဆိုးဝါးခြင်းကြောင့် အရေးပေါ်အခြေအနေနှင့် ရောဂါပြန့်ပွားမှုကာကွယ်တားဆီးရေး အဓိကထားခြင်းနည်းလမ်းများဆောင်ရွက်နေသည့် နေရာများကို တိုးချဲ့ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဂျပန်စီးပွားရေး ပြန်လည်ရှင်သန်ရေးဆိုင်ရာ ဝန်ကြီး Yasutoshi Nishimuraက ယင်းနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဩဂုတ် ၂၅ ရက် ၁၈ နာရီ ၃၀ မိနစ်အထိ ဂျပန်တွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်အတည်ပြုလူနာ (၂၄,၃၂၁)ဦး ထပ်တိုးလာပြီး စုစုပေါင်း အတည်ပြုလူနာ (၁,၃၆၈,၁၁၀)ဦး ရှိခဲ့ကြောင်း NHK၏ ကိန်းဂဏန်းများအရ သိရသည်။ ထို့အပြင် ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဩဂုတ် ၂၅ ရက်အထိ ဂျပန်တွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါပြင်းထန်လူနာ (၁,၉၆၄)ဦး ရှိရာ (၁၃)ရက် ဆက်တိုက် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိသည်။

နွေရာသီကျောင်းပိတ်ရက်ပြီးဆုံးတော့မည်ဖြစ်ရာ ဂျပန်စာသင်ကျောင်းများ၏ ကျောင်းဖွင့်ကာလကို ရောက်ရှိတော့မည်ဖြစ်သည်။

စာသင်ကျောင်းအတွင်း ကူးစက်မှုများပြားလာခြင်းနှင့် ဆေးဘက်ဆိုင်ရာအရင်းအမြစ်ပံ့ပိုးမှု လိုအပ်ချက်အခြေအနေ ပိုဆိုးလာခြင်းကို ကြိုတင်ကာကွယ်ရန် ဂျပန်နိုင်ငံ ဒေသအသီးသီးက ကျောင်းဖွင့်ချိန်ကို ရွှေ့ဆိုင်းရန်သင့်မသင့်အခြေအနေအရ ဆုံးဖြတ်နိုင်ကြောင်း ဂျပန်အစိုးရ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ အကြီးအကဲ Shigeru Omiက ဩဂုတ် ၂၅ ရက်တွင် အကြံပြုပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)

日本新冠疫情严峻 新增8地进入紧急状态

新华社东京8月25日电(记者姜俏梅)鉴于日本近期新冠疫情蔓延趋势加剧,日本首相菅义伟25日在新冠疫情对策总部会议上宣布,从本月27日起把实施紧急状态的地域范围扩大至北海道、宫城县等8地。届时,日本全国47个都道府县中将有21地处于紧急状态。

据日本政府消息,追加进入紧急状态的8地分别为北海道、宫城县、岐阜县、爱知县、三重县、滋贺县、冈山县和广岛县。此外,防疫力度小于紧急状态的“蔓延防止等重点措施”实施范围将新增高知县、佐贺县、长崎县和宫崎县,共计12地。上述两种防疫状态的适用期限均为本月27日至9月12日。
菅义伟25日在新冠疫情对策总部会议上说,变异新冠病毒德尔塔毒株传染力极强,政府将从保障医疗体系运转、预防感染对策、疫苗接种三方面着手加以应对。

日本经济再生担当大臣西村康稔当天在国会会议上表示,目前日本几乎所有地区都持续出现此前未曾有过的新冠病毒感染扩大趋势。政府和防疫专家一致认为疫情十分严峻,因此做出扩大紧急状态和“蔓延防止等重点措施”覆盖范围的决定。

据日本广播协会统计,截至25日18时30分(北京时间17时30分),日本较前一日新增新冠确诊病例24321例,累计确诊1368110例。另据日本厚生劳动省数据,截至25日,日本现有新冠重症病例达1964例,连续13天创新高。

暑假即将结束,日本校园将迎来开学季。日本政府新冠疫情专家小组组长尾身茂25日建议,日本各地可自主判断是否推迟开学时间,以防校园感染扩大,加剧医疗资源供应紧张。

图说1:7月8日,人们戴着口罩在日本东京新宿车站附近出行。(新华社发,克里斯托弗•朱摄)