Connect with us

China

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာအား တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်းမင်ကဖတ်ကြားပြီး အမှာစကားပြောကြား

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာအား တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်းမင်က ဖတ်ကြား၍ အဖွင့်အမှာစကားပြောကြားနေသည်ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် ကျင်းပစဉ်(ဆင်ဟွာ)

အဆိုပါစုံညီဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဝန်ကြီး ဟွမ်ခွန်းမင် တက်ရောက်၍ သမ္မတရှီကျင့်ဖိန်၏ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဟွမ်ခွန်းမင်က သမ္မတရှီ၏သဝဏ်လွှာတွင် မီဒီယာထိပ်သီးဆွေးနွေးပွဲ၏ရလဒ်များကို အပြည့်အဝအသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာမီဒီယာများ၏ပခုံးထက်က လူမှုတာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ကြရန်၊ ကမ္ဘာ့တစ်ဝန်းတူညီသည့် သဘောထားအမြင်များကို စုစည်းကြရန် ၊ လူသားမျိုးနွယ်တို့၏အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုအား တွန်းအားပေးဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ၊ ဤဆွေးနွေးပွဲ ထမြောက်ရေးနှင့်မီဒီယာကဏ္ဍနက်ရှိုင်းစွာ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီသည့်လမ်းပြမှုပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာတွင် နှစ် ၁၀၀ တွင် မကြုံရဖူးသော ကြီးမားသည့်အပြောင်းအလဲနှင့် ကိုဗစ်ကပ်ရောဂါ ကမ္ဘာတစ်ဝန်းကူးစက်ပြန့်ပွားမှုများ ရောနှောရှုပ်ထွေးမှုများရှိရာ မီဒီယာများ၏တူညီသော သဘောထားအမြင်အား စုစည်းမှုသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သတင်းမီဒီယာများအနေဖြင့် အဖြစ်မှန်ကိုမှန်ကန်စွာ သိပ္ပံနည်းကျ၊ ဓမ္မဓိဌာန်ကျစွာဖြင့် ဝေဖန်ဆုံးဖြတ်ရမည်ဖြစ်ပြီး ကောလာဟလ ဘက်လိုက်မှုများအား ဆန့်ကျင်၍ တာဝန်ယူမှုရှိသည့် ပြည်သူ့သတင်းအချက်အလက် ဆက်သွယ်သူအဖြစ် ဆောင်ရွက်ကြရန်၊ စိတ်ရင်းစေတနာမှန်အပြန်အလှန်ယုံကြည်မှုရှိအောင်၊ မတူညီမှုများအား ဖယ်ရှား၍ တူညီမှုများအားရှာဖွေစုစည်းကာ ကွဲလွဲမှုများလျော့နည်းအောင်၊ နိုင်ငံအသီးသီးပြည်သူများအကျိုးအား မျှော်မှန်း၍ ထုတ်လွှင့်တင်ဆက်ကြရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေး အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးအတွက် တူညီသောသဘောထားစုစည်းဖို့ တွန်းအားပေးကြရန်၊ မိုဘိုင်းဆက်သွယ်တင်ဆက်မှုဖွံ့ဖြိုးလာခြင်းနှင့်အတူ နှစ်ဖက် သို့မဟုတ် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ နိုင်ငံအသီးသီး ပြည်သူများ ချစ်ကြည်ရင်းနှီးစွာဆက်ဆံကြသည့် ပြည်သူ့ဆန္ဒအားအခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မျှော်လင့်ပါကြောင်း ဟွမ်ခွန်းမင်က ပြောကြာခဲ့သည်။

မကြာသေးမီက ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ဆဋ္ဌမကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တစ်ရာ ကြိုးပမ်းမှု အဓိကအောင်မြင်မှုရလဒ်နှင့်သမိုင်းအတွေ့အကြုံများအား အနှစ်ချုပ်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက် ကျင်းပသည့်အချိန်မှစပြီး သမ္မတရှီကို ဗဟိုပြုသည် ပါတီဗဟိုကော်မတီ၏ ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် ပါတီနှင့်နိုင်ငံ လုပ်ငန်းရပ်များ သမိုင်းတွင် အောင်မြင်မှုရရှိခဲ့သလို သမိုင်းတွင် ပြုပြင်ပြောင်းလဲမှုများ ရှိခဲ့ရာ ကမ္ဘာ့ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးအတွက် အရေးပါသည့်အကျိုးဆောင်မှုများ ရှိခဲ့ကြောင်း ၊ အနာဂတ်ကို မျှော်မှန်းရာတွင် မိမိတို့အနေဖြင့် လူသားမျိုးနွယ်အားလုံး၏ ဘုံစံတန်ဖိုးများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအသစ်က ကမ္ဘာအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဟွမ်ခွန်းမင်က အလေးထားပြောကြားခဲ့သည်။

ယခုအကြိမ်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲကို ဆင်ဟွာ သတင်းဌာနမှ တာဝန်ယူကျင်းပခြင်းဖြစ်ပြီး နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ နီးပါးက သတင်းမီဒီယာလုပ်ငန်း၂၆၀ ကျော်မှ ပြည်တွင်းပြည်ပဧည့်သည်တော် ၄၀၀ နီးပါးသည် အွန်လိုင်း၊အော့ဖ်လိုက်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
第四届世界媒体峰会举行  黄坤明宣读习近平主席贺信并发表主旨演讲
2021-11-23 00:05:37
新华社北京11月22日电11月22日,第四届世界媒体峰会在京举行。中共中央政治局委员、中宣部部长黄坤明出席全体会议,宣读习近平主席贺信并发表主旨演讲。
黄坤明指出,习近平主席的贺信充分肯定峰会取得的成果,对全球媒体更好肩负社会责任、凝聚世界共识,推动构建人类命运共同体寄予殷切期望,为办好本次峰会、深化媒体交流合作提供了重要指引。
黄坤明指出,当前百年变局和世纪疫情相互交织,发挥好媒体凝聚共识的作用尤为重要。希望媒体坚持客观真实,科学理性判断,反对谣言偏见,做负责任的公共信息传播者;推动真诚互信,求同存异、聚同化异,着眼增进各国人民福祉做好报道,为推动构建全球发展命运共同体汇聚共识;顺应移动传播发展趋势,深化双多边合作,夯实各国友好交往的民心民意基础。
黄坤明强调,刚刚胜利闭幕的中共十九届六中全会全面总结了党的百年奋斗重大成就和历史经验。中共十八大以来,在以习近平同志为核心的党中央坚强领导下,党和国家事业取得历史性成就、发生历史性变革,为世界和平发展作出重要贡献。面向未来,我们将继续弘扬全人类共同价值,以中国新发展为世界提供新机遇。
本届峰会由新华社承办,来自近100个国家和地区260多家媒体和机构的近400名中外嘉宾线上线下参会。(完)
图说1:11月22日,第四届世界媒体峰会在北京举行。中共中央政治局委员、中宣部部长黄坤明出席全体会议,宣读习近平主席贺信并发表主旨演讲。 新华社记者 申宏 摄
图说2:11月22日,第四届世界媒体峰会在北京举行。 新华社记者 李鑫 摄