Connect with us

Europe

စပိန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၅,၀၀၀ ‌ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရ

မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူပေါင်း ၅,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ဒေသစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ်က La Palmaကျွန်းရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စပိန် ရုပ်မြင်သံကြား သတင်းများအရ သိရသည်။ မီးတောင်ထိပ်တွင် မီးခိုးများ မှုတ်ထုတ်ပြီးနောက် နေရာအများအပြားတွင် ချော်ရည်များ စီးနေကြောင်း ၊ ယင်းကြောင့် တောမီးလောင်ကျွမ်းနေသည်ကို ရုပ်သံတွင် ပြသခဲ့သည်။ လက်ရှိ ဒေသခံနှင့်ခရီးသွား ၅,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး စပိန်ရဲတပ်ဖွဲ့က ရဟတ်ယာဉ်နှင့်ကယ်ဆယ်ရေးသမား ၂၀၀ ကျော် အချင်းဖြစ်နေရာ သို့ စေလွှတ်ထားကြောင်း သိရသည်။

 

မီးတောင်ပေါက်ကွဲမှုမဖြစ်ခင် နာရီအနည်းငယ်အကြာတွင် ယင်းဒေသ၌ အင်အား ၄.၂ အဆင့်ရှိ မြေလွှာအပေါ်ယံ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ ယခု ၈ ရက်ကြာကာလအတွင်း စောင့်ကြည့်ထားသည့် ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော်တွင် အင်အားအပြင်းဆုံးဖြစ်သည်။

စပိန် ဝန်ကြီးချုပ်Pedro Sánchezက ၎င်း အမေရိကန် နယူးယောက်သို့ သွား၍ (၇၆)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံကို တက်ရောက်မည့်အစီအစဉ် ရွှေ့ဆိုင်းလိုက်ကြောင်း ယင်းနေ့ လူမှုကွန်ရက် မီဒီယာတွင် ပြောကြားခဲ့သည်။ Pedro Sánchezသည် အချင်းဖြစ်ပွားသည့်နေရာ La Palmaကျွန်းကို ရောက်ရှိနေပြီဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ညွှန်ကြားညှိုနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သတင်းများက ဆိုသည်။

စပိန်နိုင်ငံ Canary ကျွန်းစု၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် La Palmaကျွန်းသည် မီး‌တောင်ကျွန်းတစ်ကျွန်းဖြစ်ပြီး ဧရိယာ ၇၀၈ စတုရန်းကီလိုမီတာ၊ ကျွန်း၏ အမြင့်ဆုံးနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂,၄၂၆ မီတာ ရှိရာ လူဦးရေ ၈၃,၀၀၀ ခန့် ရှိသည်။ မှတ်တမ်းများအရ ယင်းကျွန်းသည် မီးတောင် ပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ပြီးခဲ့သည့်အခေါက် မီးတောင်ပေါက်ကွဲမှုသည် ၁၉၇၁ ခုနှစ်က ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————————
(Chinese Version)

西班牙拉帕尔马岛火山喷发5000多人被疏散

新华社马德里9月19日电(记者冯俊伟)西班牙度假胜地拉帕尔马岛19日发生火山喷发,当地5000多人被疏散。

9月19日,西班牙度假胜地拉帕尔马岛老昆布雷火山喷发时形成烟柱。(新华社发)
据西班牙电视台报道,当地时间19日15时12分,拉帕尔马岛老昆布雷火山发生喷发。电视画面显示,山顶有巨型烟柱喷出,随后多处岩浆喷发,并引发山火。目前,当地5000多名居民和游客被疏散。西班牙警方和国民警卫队已派出直升机和200余名救援人员前往事发地点。

据报道,火山喷发前几个小时,当地曾发生4.2级浅表地震。这是最近8天监测到的1000余次地震中震级最高的一次。
西班牙首相桑切斯当天在社交媒体上表示,他已推迟去美国纽约出席第76届联合国大会的计划。据报道,桑切斯已抵达拉帕尔马岛视察灾区情况,并指挥和协调救援工作。
拉帕尔马岛是一座火山岛,位于西班牙加那利群岛西北部,面积708平方公里,岛上最高点海拔2426米,人口约8.3万。该岛有记录以来曾发生过7次火山喷发,上次火山喷发发生在1971年。