Connect with us

Europe

စပိန်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွား၊ သုံးထပ်တိုက်ခန့်ကြီးမားသည့် ချော်ရည်ကျောက်တုံး လိမ့်ဆင်းလာ

စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင် ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့် ချော်ရည်များ ပင်လယ်အတွင်းသို့ စီးဝင်နေသည်ကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင် ပေါက်ကွဲမှုသည် ရက်သတ္တပတ် ၃ ပတ်ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၁၁ ရက်အထိ ရပ်တန့်မည့်အရိပ်အယောင်မမြင်ရသေးသလို မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်လာသည့် ချော်ရည်ကျောက်တုံးများတွင် အကြီးဆုံးက သုံးထပ်အဆောက်အဦအရွယ်အစားခန့်ရှိရာ လူအမြောက်အမြားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင် ပေါက်ကွဲမှုတွင် မှုတ်ထုတ်လိုက်သည့် ချော်ရည်များ ပင်လယ်အတွင်းသို့ စီးဝင်နေသည်ကို စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မီးတောင်ပေါက်ကွဲတွင် မှုတ်ထုတ်လိုက်သည့် ချော်ရည်၏ အမြင့်ဆုံးအပူချိန် သည် ၁,၂၄၀ ဒီဂရီစင်တီဂရိတ်ရှိရာ လမ်းကြောင်းတစ်လျှောက်အနီးတစ်ဝိုက် ကျေးရွာအဆောက်အဦများကို ထိခိုက်ပျက်စီးစေကြောင်း Sky News၏ သတင်းများအရ သိရသည်။
ကနေရီကျွန်းစု မီးတောင်သုတေသနဌာန၏ ကိန်းဂဏန်းများတွင် စက်တင်ဘာ ၁၉ ရက် မီးတောင်စတင်ပေါက်ကွဲသည့်အချိန်မှစ၍ ချော်ရည်များက မြေယာ ၄၉၃ဟက်တာ ကျော်ကို လွှမ်းမိုးခဲ့သလို အဆောက်အဦ ၁,၁၈၆ လုံးကို ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ချော်ရည်များ၏ အကျယ်ဆုံးနေရာသည် ၁.၅ ကီလိုမီတာရှိပြီး ပင်လယ်အတွင်း စီးဝင်သွားသည့် ချော်ရည်များအေးခဲပြီး ဖြစ်ပေါ်လာသည့် ကျွန်းဆွယ်၏ဧရိယာသည် ၃၄ ဟက်တာအထိ ရှိကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။ ပင်လယ်အတွင်းသို့ စီးဝင်သည့် ချော်ရည်ပူ များလာသည်နှင့်အမျှ ကျွန်းစွယ်ကျယ်ပြန့်လာပြီး ပြိုကျပျက်စီးနိုင်ကြောင်း၊ ထိုမှတစ်ဆင့်ပေါက်ကွဲမှုဖြစ်ပွားကာ ပင်လယ်ပြင်တွင် ဧရာမလှိုင်းလုံးထန်နိုင်ကာ အဆိပ်အတောက်ရှိသည့် ဓါတ်ငွေ့များ ဖြစ်လာနိုင်ကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က သတိပေးထားသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဧရာမကျောက်တုံးကြီး တောင်ထိပ်က လိမ့်ဆင်းလာခဲ့သည့် ထိတ်လန့်ဖွယ် မြင်ကွင်းကို သတင်းမီဒီယာများ၏ ခေါင်းကြီးပိုင်းတွင် တွေ့ရသည်။ စပိန်အစိုးရဌာနက “မီးတောင် မြောက်ဘက်အခြမ်းပြိုကျတာကြောင့် ဧရာမကျောက်တုံးကြီး လိမ့်ဆင်းလာတာဖြစ်တယ်။ အသစ်ထွက်လာတဲ့ ချော်ရည်စီးကြောင်းတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးပြီးသား နေရာတွေကို စီးသွားတာပါ”ဟု ဖြေရှင်း ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုနှင့်အတူ အနီးတစ်ဝိုက်ဒေသများ၌ ငလျင်များမကြာခဏလှုပ်ခတ်လျက်ရှိသည်။ ဥပမာ- အောက်တိုဘာ ၁၀ ရက်တွင် ငလျင် ၂၁ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၎င်းတို့အနက် အပြင်းထန်ဆုံးအဖြစ် ၃.၈ အဆင့်ရှိ ငလျင်လှုတ်ခတ်ခဲ့ရာ ကျေးရွာအများစုကို ရိုက်ခတ်ခဲ့ကြောင်း သိရသည်။

ယခု ၂ ရက်ခန့်တွင် Cumbre Viejaမီးတောင် ပေါက်ကွဲစဉ် ကောင်းကင်တွင် မိုးကြိုးလျှပ်စီးပစ်ခတ်မှုများကို လူအများအပြားက တွေ့မြင်ခဲ့ရရာ ၎င်းမှာ ထိုမတိုင်မီ အိုက်စလန်မီးတောင်ပေါက်ကွဲစဉ်ကနှင့်အလားတူကြောင်း ဆိုသည်။ ၂၀၁၆ ခုနှစ် သိပ္ပံသုတေသနအစီရင်ခံစာတစ်ခုတွင် ယင်းအခြေအနေသည် မီးတောင်ပေါက်ကွဲစဉ် ပြာမှုန်ချင်း ပွတ်တိုက်မှုက လျှပ်စစ်စုဆောင်းမှုဖြစ်စေပြီး အတိုင်းတာတစ်ခုတွင်း ပြင်းထန်သည့် လျှပ်စီးလက်မှုဖြစ်စေကြောင်း ဆိုသည်။

လာပါလ်မားကျွန်းတွင် လူဦးရေ ၈၃,၀၀၀ခန့် ရှိရာ အများစုက သစ်သီးဝလံစိုက်ပျိုးရေးနှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်သည်။ အောက်တိုဘာ ၁၁ ရက်အထိ ဒေသခံအစိုးရက လူပေါင်း ၆,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီဖြစ်ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုအချိန်မည်မျှဆက်ကြာနိုင်မလဲဆိုသည့်အပေါ် ဒေသခံအရာရှိတစ်ဦးက “လွန်ခဲ့တဲ့ ၂၁ ရက်မတိုင်မီက စတင်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှု အမြန်ဆုံး ပြီးဆုံးတော့မယ်လို့ ကျွန်တော်တို့ မပြောရဲသေးဘူး ”ဟု ဆိုသည်။

လာပါလ်မားကျွန်းသည် ခရီးသွားအထင်ကရနေရာဖြစ်ပြီး စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ကနေရီကျွန်းစုတွင် တည်ရှိရာ မျက်နှာပြင်ဧရိယာ ၇၀၈ စတုရန်းကီလိုမီတာ ရှိကြောင်း သိရသည်။ ယင်းကျွန်းတွင် ယခင်က မီးတောင်ပေါက်ကွဲမှု ၇ ကြိမ်ဖြစ်ပွားခဲ့ရာ နောက်ဆုံးအခေါက် မီးတောင်ပေါက်ကွဲမှုသည် ၁၉၇၁ ခုနှစ်က ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။(Xinhua)

———————————–
(Chinese Version)
西班牙火山继续喷 滚石大如三层楼房
2021-10-12 09:48:26
Image Carouse
新华社北京10月12日电 西班牙拉帕尔马岛老昆布雷火山已持续喷发三周,截至11日仍无停止迹象,其喷涌而出的滚烫石块最大的有“三层楼房大小”,吓得不少人目瞪口呆。
据英国天空新闻频道报道,这座火山喷涌出的火红岩浆温度高达1240摄氏度,沿途摧毁周边村庄建筑物。加那利群岛火山研究所数据显示,自火山9月19日喷发以来,岩浆已吞噬超过493公顷土地,摧毁1186栋建筑。
这张9月29日发布的照片显示,西班牙拉帕尔马岛的老昆布雷火山喷发的岩浆流入大海。(新华社发,西班牙海洋研究所供图)
专家估算,岩浆最宽处为1.5公里,岩浆入海冷却后形成的“半岛”面积已经达到34公顷。一个专家委员会警告称,随着更多岩浆入海,“半岛”在不断扩大的过程中可能发生崩断,而这将造成爆炸,触发海面巨浪,并且释放有毒气体。
这座火山喷涌出的巨大石块从山顶滚落下来,场景骇人,登上多家媒体头条。对此,西班牙政府部门在社交媒体上发文解释:“火山……北侧崩塌,造成巨型岩块松动滚落,并且有多股新的岩浆倾泻而下,涌向已经撤离人员的地区”。
伴随火山喷发活动,周边地区频繁地震,例如10日监测到21场地震,其中最大震级达到3.8级,涉及马索、丰卡连特、埃尔帕索等多座村庄。
这张9月29日发布的照片显示,西班牙拉帕尔马岛的老昆布雷火山喷发的岩浆流入大海。(新华社发,西班牙海洋研究所供图)
最近两天,不少人还看到:老昆布雷火山喷发时,天上电闪雷鸣。一些人联想到,此前冰岛火山喷发时,拍摄的许多照片也都可见闪电,场面极其震撼。2016年发表的一份科研报告说,这可能是由于火山灰微粒碰撞摩擦而积累电荷,当达到一定水平时剧烈放电。
拉帕尔马岛人口大约8.3万,多数从事水果种植和旅游业。截至11日,当地政府已经疏散大约6000人。
谈及火山喷发还将持续多久,当地官员胡利奥•佩雷斯告诉媒体:“我们不敢说,这轮始于21天前的火山喷发能够很快结束。”
拉帕尔马岛是度假胜地,位于加那利群岛西北部,面积708平方公里。该岛有记录以来曾发生过7次火山喷发,上一次发生在1971年。(杨舒怡)