Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၌ လူနေအိမ်များထဲသို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျပြီးနောက် လူ ၂ ဦးထက်မနည်း သေဆုံး

ကယ်လီဖိုးနီးယားပြည်နယ် Santee မြို့၌ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

လော့အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

လော့အိန်ဂျလိစ်မြို့၏ တောင်ဘက် ၂၂၀ ကီလိုမီတာအကွာရှိ Santee မြို့၌ အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် လူနေအိမ်များထဲသို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် အရီဇိုးနားပြည်နယ် Yuma မြို့မှ ပျံတက်လာပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ပျက်ကျသွားကြောင်း နှင့် တာဝန်ရှိသူများသည် လေယာဉ်ပေါ်တွင် လူဦးရေ မည်မျှ ပါရှိသည်ကို သိရှိခြင်း မရှိဘဲ အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ယူဆကြကြောင်း ဒေသတွင်း FOX 5 သတင်းချန်နယ်က ဖော်ပြခဲ့သည်။
Cessna 340A လေယာဉ်သည် ထိုင်ခုံ ၆ ခု ပါရှိပြီး ပစ္စတင်အင်ဂျင်နှစ်လုံး တပ်ဆင်ထားကြောင်း သိရသည်။

FOX 5 က ရိုက်ကူးသည့် ရုပ်သံဖိုင်တွင် မီးသတ်ကားများသည် ပျက်ကျမှုအတွင်း လုံးဝပျက်စီးသွားခဲ့သည့် လူနေအိမ်နှစ်လုံးအား မီးငြှိမ်းသတ်နေကြောင်း တွေ့မြင်ရသည်။ တာဝန်ရှိသူများက ထိခိုက်ပျက်စီးသွားသည့် နေအိမ်များမှ အိမ်သားများအနေဖြင့် အန္တရာယ်ကင်းစွာ ထွက်ခွာနိုင်ခဲ့ခြင်း ရှိမရှိကို အတည်ပြုရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ FOX 5 သတင်းထောက်တစ်ဦးအား အမျိုးသားတစ်ဦးက ပြောကြားရာတွင် သူ၏ မိဘ နှစ်ပါးကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးလိုက်ရသည်ဆိုသည့် အိမ်နီးချင်းတစ်ဦး၏ ဖုန်းခေါ်ဆိုအသိပေးမှုကို လက်ခံရရှိခဲ့ကြောင်း ဆိုသည်။
လေယာဉ်ပျက်ကျသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
At least 2 killed after small plane crashes into houses in Southern California
LOS ANGELES, Oct. 11 (Xinhua) — A small plane on Monday afternoon crashed into homes in Santee, 220 km south of Los Angeles, killing at least two people.
The local FOX 5 news channel reported that the plane, which took off from Yuma of Arizona, crashed around 12:15 p.m. local time, and the authority who had no idea how many people were on the plane believed that the injuries were “non survivable.”
The plane, a Cessna 340A, is a six-seat aircraft with a twin piston engine.
The video shot by FOX 5 showed that fire engines were dousing two homes totally destroyed in the crash. Authorities were still working to confirm that those inside the impacted homes were able to get out safely.
A man at the scene told a FOX 5 reporter that he got a call from a neighbor saying his mom and dad were rushed to the hospital.
The cause of the crash was under investigation. Enditem