Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ အနောက် Darfurပြည်နယ်တွင် အကြမ်းဖက်ပဋိပက္ခဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံး

ခါတွမ်း၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံ အနောက် Darfur ပြည်နယ်တွင် ယခုရက်ပိုင်းများအတွင်း အကြမ်းဖက်ပဋိပက္ခဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး ကျေးရွာ ၄၆ ရွာ လုယက်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဆူဒန်အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ယခုလ နိုဝင်ဘာ ၁၇ ရက်က အနောက် Darfur ပြည်နယ် Jebel Moon ဒေသ လှည့်လည်နေထိုင်၍မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် လယ်သမားများအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင်လည်း အဆိုပါ အဓိကရုဏ်းက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆူဒန် OCHAရုံးက ယင်းနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကနဦး စုံစမ်းလေ့လာမှုများအရ အကြမ်းဖက်ပဋိပက္ခများကြောင့် သေဆုံးသူ အနည်းဆုံး ၄၃ ဦး ရှိပြီး ၎င်းတို့တွင် ကလေးငယ်များအပါအဝင် လူအများအပြားပျောက်ဆုံးလျက်ရှိကြောင်း ၊ ကျေးရွာ ၄၆ ရွာတွင် လုယက်မီးရှို့ဖျက်ဆီးမှုများရှိရာ ဒဏ်ရာရရှိသူ အရေအတွက် အတိအကျ မသိရသေးကြောင်း ဆိုသည်။

Darfurဒေသသည် ဆူဒန်နိုင်ငံ အနောက်ပိုင်းတွင် တည်ရှိပြီး လစ်ဗျား၊ ချတ်ဒ်နှင့် ဗဟိုအာဖရိကနိုင်ငံစသည့်တို့နှင့် ဆက်စပ်လျက်ရှိသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အစိုးရတပ်၊ ဒေသခံအတိုက်အခံလက်နက်ကိုင်များနှင့် မတူညီသည့်လူမျိုးစုများအကြား လက်နက်ကိုင်ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားနေခြင်းကြောင့် ဒေသအခြေအနေ မငြိမ်မသက်ဖြစ်ပွားနေပြီး လူပေါင်းတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည်။ ယခုနှစ်မှစပြီး ဆူဒန်နိုင်ငံ အနောက်Darfurပြည်နယ်တွင် အဓိကရုဏ်းအကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာ လူပေါင်းရာနှင့်ချီသေဆုံး ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)苏丹西达尔富尔州暴力冲突造成至少43人死亡
2021-11-26 04:23:52
新华社喀土穆11月25日电(记者马意翀)联合国人道主义事务协调厅驻苏丹办事处25日说,苏丹西达尔富尔州近日发生暴力冲突,已造成至少43人死亡,46个村庄遭抢劫和焚毁。

该办事处当天在一份声明中说,本月17日,西达尔富尔州杰贝勒穆恩地区的游牧民与农民爆发冲突,目前冲突仍在继续。初步调查显示,冲突已造成至少43人死亡,包括儿童在内的多人失踪,46个村庄遭抢劫和焚毁,受伤人数不详。

达尔富尔地区位于苏丹西部,与利比亚、乍得和中非共和国等接壤。2003年2月起,政府军、当地反政府武装及不同部落之间不断爆发武装冲突,地区局势持续动荡,上百万人流离失所。今年以来,苏丹西达尔富尔州多次发生暴力冲突事件,已造成数百人死伤。(完)

图说1:10月25日,苏丹喀土穆浓烟滚滚。 新华社发